The Vampire Diaries
နာမည်ကြီး သွေးစုပ်ဖုတ်ကောင်စီးရီးဖြစ်တဲ့ The Vampire Diaries ကို App Only ( Exclusive ) အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ် L.J. Smith ရဲ့ ဝတ္ထုစီးရီးကို ပဲ့ကိုင်ရှင်တွေဖြစ်တဲ့ Kevin Williamson နဲ့ Julie Plec တို့ကနေ ပရိသတ်တွေရဲ့ နှလုံးသားကို ၈ နှစ်ကြာ သိမ်းပိုက်နိုင်ခဲ့တဲ့ Masterpiece တစ်ခုအဖြစ် ပုံဖော်ခဲ့ပါတယ်။ ဒီကားမှာတော့ အဓိကဇာတ်ဆောင်တွေအဖြစ် Nina Dobrev၊ Paul Wesley နဲ့ Ian Somerhalder တို့ကနေပြီး အချစ်၊ အမုန်း၊ နာကျင်မှုတွေနဲ့ ရောယှက်နေတဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းကို အသက်ဝင်အောင် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာတော့ အယ်လီနာဂေးလ်ဘတ်ဟာ မိဘနှစ်ပါးကို ကားမတော်တဆမှုတစ်ခုမှာ ဆုံးရှုံးလိုက်ရပြီးနောက်မှာ သူ့ရဲ့မောင်ဖြစ်သူ ဂျယ်ရမီနဲ့အတူ ဝမ်းနည်းပူဆွေးမှုတွေကြားမှာ ရှင်သန်နေရတဲ့ သာမန်ကျောင်းသူလေးတစ်ယောက်ပါ ဒါပေမဲ့ ကံကြမ္မာက သူမရဲ့ ငြီးငွေ့ဖွယ်ဘဝထဲကို လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောင်းသားသစ် စတက်ဖန်ဆယ်လ်ဗာတိုးကို ပို့ဆောင်ပေးလိုက်တဲ့အခါမှာတော့ အရာအားလုံးက ပြောင်းလဲသွားပါတော့တယ်..စတက်ဖန်ရဲ့ နက်နဲတဲ့အကြည့်တွေ လျှို့ဝှက်ချက်များစွာနဲ့ ပြည့်နှက်နေတဲ့ အပြုအမူတွေက အယ်လီနာ့ရဲ့ နှလုံးသားကို လှုပ်ခတ်စေခဲ့ပါတယ် ဒါပေမဲ့ သူမမသိခဲ့တာကတော့ စတက်ဖန်ဟာ ရာစုနှစ်တစ်ခုကျော်တိုင်အောင် အသက်ရှင်နေခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်တစ်ယောက် ဖြစ်နေတယ်ဆိုတာပါပဲ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး အစပျိုးခါစမှာပဲ စတက်ဖန်ရဲ့ အစ်ကိုဖြစ်သူ၊ ရက်စက်ပြီး ဆွဲဆောင်မှုရှိတဲ့ ဒေးမွန်ဆယ်လ်ဗာတိုး ရောက်ရှိလာပါတယ်.. ဒေးမွန်ဟာ စတက်ဖန်နဲ့ ဆန့်ကျင်ဘက်စရိုက်ရှိပြီး သူတို့ညီအစ်ကိုနှစ်ယောက်လုံးဟာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုက သူတို့နှစ်ယောက်လုံး ချစ်ခဲ့ရတဲ့ ကက်သရင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ကြောင့် ထာဝရ ရန်သူတွေ ဖြစ်ခဲ့ကြပါတယ်.. အခုတော့ အယ်လီနာ့ရဲ့ ရုပ်သွင်က ကက်သရင်းနဲ့ တစ်ပုံစံတည်း တူညီနေချိန်မှာ ညီအစ်ကိုနှစ်ယောက်ကြားက သူတို့ရဲ့ရန်ငြိုးတွေဟာ အယ်လီနာ့ကို ဗဟိုပြုပြီး ပြန်လည်နိုးထလာပါတော့တယ် ဒီဇာတ်လမ်းဟာ သာမန်သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ခုမဟုတ်ဘဲ၊ သွေးစုပ်ဖုတ်ကောင်တွေ၊ စုန်းကဝေတွေ၊ သွေးစပ်ဝံပုလွေတွေနဲ့ ပြည့်နှက်နေတဲ့ Mystic Falls မြို့ငယ်လေးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရင်း အန္တရာယ်တွေကြားကနေ သူတို့ရဲ့ အချစ်၊ မိသားစုနဲ့ သူငယ်ချင်းတွေကို ကာကွယ်ဖို့ ကြိုးစားကြရမယ့် သည်းထိတ်ရင်ဖို ခရီးရှည်ကြီးတစ်ခုပါပဲ Main Lead သုံးယောက်ရဲ့ အချိတ်အဆက်မိလွန်းတဲ့ သရုပ်ဆောင်မှုတွေ၊ ကြည့်ရှုသူကို တစ်ပိုင်းပြီးတစ်ပိုင်း ဆက်ကြည့်ချင်အောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်အိမ်ခိုင်မာမှုတွေကြောင့် Western Series ကြည့်ဖူးသူတိုင်းရဲ့ ထိပ်ဆုံးက ညွှန်းဆိုခြင်းခံရတဲ့ ဇာတ်လမ်းတွဲဖြစ်ကြောင်း အာမခံလိုက်ရပါတယ် Quality : Bluray 1080p, 720p Total Season : 8 Total Episodes : 171 Format : mp4 Genres : Drama, Sci-Fi & Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
171 အပိုင်း၊ season 8 seasonဇာတ်လမ်းအကြောင်း