Love & Crown
ရှန်းရှ၊ သိုင်းကားတွေပဲကြည့်နေရလို့ ရိုးအီနေတဲ့ C drama fan တို့အတွက် ဒီတစ်ခါမှာတော့ သမိုင်းရာဇဝင်အချစ်ဒရမ်မာဇာတ်လမ်းလေးတစ်ပုဒ် ယူဆောင်လာပေးပါတယ်။ ဒီစီးရီးလေးက သမိုင်းရာဇဝင်ဇာတ်လမ်းကိုမှ နန်းရေးနန်းရာအရှုပ်အထွေးကြားက ဆွတ်ပျံ့ဖွယ်ရာအချစ်ဇာတ်လမ်းလေးကိုပုံဖော်ထားတဲ့စီးရီးလေးမို့ Romance ချစ်သူတို့ လုံးဝအကြိုက်တွေ့မှာပါနော်။ ဒီစီးရီးမှာ The Demon Hunter's Romance ရဲ့ Main Lead ဖြစ်တဲ့ Ren Jia Lun နဲ့ Blood River ထဲမှာ မုယွီမော့အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Peng Xiao Ran တို့က အတွဲညီညီသရုပ်ဆောင်ထားကြပါတယ်။ Ren Jia Lun ရဲ့ချစ်တတ်မှု၊ ဂရုစိုက်တတ်မှုကိုတော့ TDHR မှာ ပရိတ်သတ်တို့က မျက်ဝါးထင်ထင်ခံစားစီးမျောခဲ့ရသလို Peng Xiao Ran ရဲ့သရုပ်ဆောင်စွမ်းရည်အံဝင်ခွင်ကျဖြစ်မှုကိုလဲ Blood River မှာမြင်တွေ့ခဲ့ပြီးလောက်ပြီမို့ ဒီစီးရီးကို လက်လွှတ်ခံရင်တော့ ကျိန်းသေရမှာက နောင်တပါပဲ ပရိတ်သတ်တို့ရေ! ဇာတ်လမ်းအညွှန်း >>> ထိပ်တန်းသိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ လင်းချန်ချန်က ဖုန်းလိုင်ကျောင်းတော်ကို တည်ထောင်သူလဲဖြစ်သလို အကျင့်ပျက်အရာရှိတွေနဲ့ ကျန်းဟူဇာအာဏာပိုင်တွေကြောင့် ဒုက္ခရောက်နေရတဲ့လောကကြီးမှာ မိန်းမသားတန်မဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ယှဉ်ပြိုင်နေသူဆိုရင်လဲ မမှားပါဘူး။ လောကကြီး ဒီလိုဒုက္ခပင်လယ်ဝေနေချိန်မှာ နန်ချီမင်းဆက်ရဲ့ငယ်ရွယ်လှတဲ့ဧကရာဇ် ရှောင်ဟွမ်က ပြည်သူတွေကိုကူညီဖို့ 'ပိုင်ချီဖန်း'အမည်ကို လျှို့ဝှက်သုံးရင်း ခရီးလှည့်လည်သွားလာကာ စနည်းနာနေပါတယ်။ အဲလိုလှည့်လည်သွားလာရင်း လင်းချန်ချန်နဲ့ဆုံစည်းခဲ့ပါတော့တယ်။ သူတို့နှစ်ဦးဟာ အတူပူးပေါင်းပြီး အကျင့်ပျက်ခြစားမှုနဲ့ရှုပ်ထွေးမှုတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ကြပေမဲ့ လင်းချန်ချန်က အမတ်ချုပ်ရဲ့သမီးဖြစ်ပြီး သူ့မိဖုရားဖြစ်လာမဲ့သူမှန်းမသိခဲ့ဘဲ ပိုင်ချီဖန်းဟာ လင်းချန်ချန်အပေါ် မေတ္တာနှောင်ကြိုးတွယ်ငြိမိသွားခဲ့ပါတယ်။ ဧကရာဇ်ကို ဧကရာဇ်မှန်းမသိဘဲ အတူလက်တွဲဖြေရှင်းနေတဲ့ လင်းချန်ချန်ကလဲ ပိုင်ချီဖုန်းကို မေတ္တာယိုဖိတ်မိရာမှ... တရားမျှတမှုအတွက် သူတို့နှစ်ဦးက အတူလက်တွဲအဖြေရှာရင်း ပြည်သူတွေရဲ့ဆင်းရဲဒုက္ခကို ဖြေလျှော့ပေးနိုင်မှာလား? ဧကရာဇ်တစ်ဖြစ်လဲ လှည့်လည်သူအယောင်ဆောင်ပိုင်ချီဖန်းကရော လင်းချန်ချန်က သူထိမ်းမြှားရမဲ့မိဖုရားလောင်းလျာမှန်းသိသွားရင်ရော မေတ္တာနှောင်ကြိုးတွေက ဆက်ရှင်သန်နေအုံးမှာလား?? လင်းချန်ချန်ကလဲ ဧကရာဇ်လေးရှောင်ဟွမ်ကို အသာတကြည်ပြန်လက်ခံမှာလား??? တစ်ဖက်က တိုင်းပြည်၊ တစ်ဖက်က နှလုံးသားရေးရာ...မတူညီတဲ့လမ်းနှစ်သွယ်မှာ သူတို့နှစ်ဦး ဟန်ချက်ညီညီလျှောက်လှမ်းနိုင်မှာလားဆိုတာကိုတော့ ဒီစီးရီးလေးကို မလွှတ်တမ်းစောင့်မျှော်ရင်း ရင်ခုန်စွာကြည့်ရှုအားပေးလိုက်ကြပါအုံးဗျို့။ Quality : WEB-DL 1080p, 720p Total Episodes : 35 Format : mp4 Genres : Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
35 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း