ဇာတ်ကားများ ရွေးရန်

D-Day

2015ဇာတ်လမ်းတွဲအမှတ် 8.7/10

D-Day (2015) အပိုင်း (၁ မှ ၂၀) စ/ဆုံး အင်အား ၆.၅ မဂ္ဂနီကျု ပြင်းအားရှိတဲ့ ငလျင်ကြီးတစ်ခုက ဆိုးလ်မြို့ကြီးကို လှုပ်ခတ်သွားတဲ့အခါ အပျက်အစီးတွေကြားထဲကနေ လူနာတွေအပေါ် ကိုယ်ကျိုးစွန့် ကယ်တင်ပေးခဲ့တဲ့ ဆရာဝန်တွေနဲ့ မီးသတ်သမားတွေအကြောင်း ရိုက်ကူးထားတဲ့ D-Day ဆိုတဲ့ Disaster Medical Drama စီးရီးလေးနဲ့ မိတ်ဆက်ပေးပါမယ် .. ဒီကားထဲမှာတော့ The Haunted Palace, Trigger တို့ထဲက မင်းသား Kim Young Kwang, Would You Marry Me ထဲက မင်းသမီး Jung So Min နဲ့ Blind ထဲက မင်းသား Ha Seok Jin တို့ အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. Lee Hae Sung (Kim Young Kwang)ဟာ အမိန့်မနာခံတာကြောင့် ဆိုးလ်မှာ ရှိတဲ့ နာမည်ကြီးဆေးရုံကနေ နယ်ဘက်က ဆေးရုံတစ်ခုကို ပြောင်းရွှေ့ခံရတဲ့ အရေးပေါ်ဌာနက ထူးချွန်တဲ့ ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။ Jung Ddol Mi (Jung So Min)ကတော့ ဘူဆန်ကနေ ဆိုးလ်ဘက်ကို လူနာတစ်ယောက်ကို ပြောင်းပေးဖိုအတွက် ရောက်ရှိနေတာဖြစ်ပြီး သူမကို ငယ်စဉ်က ကယ်တင်ပေးခဲ့ဖူးတဲ့ ကျေးဇူးရှင် ပါမောက္ခ Han Woo Jin (Ha Seok Jin)နဲ့ တွေ့ဖို ကြိုးစားခဲ့ပေမဲ့ တွေ့ခွင့်မရဘဲ .. ဆိုးလ်မှာ အင်အားပြင်ထန်တဲ့ငလျင်ကြီးတစ်ခု လှုပ်ခတ်တာကို ကြုံခဲ့ရပြီး ပိတ်မိသွားခဲ့ပါတယ်။ ငလျင်ကြောင့် ဖုန်း၊ အင်တာနက်၊ လျှပ်စစ်မီး ဘာတစ်ခုမှ မရတော့ဘဲ တစ်မြိုလုံး ပျက်စီးသွားပြီး အရေးပေါ်ကယ်ဆယ်ရေးလည်း မရနိုင်တဲ့ အခြေအနေဖြစ်သွားပါတော့တယ်။ အမိန့်မနာခံတတ်ဘဲ လူနာကို ကုသဖိုအတွက်သာ အဓိကထားတဲ့ အရေးပေါ်ဌာနက ဆရာဝန် Lee Hae Sung, နာမည်ကြီးခွဲစိတ်ဆရာဝန် Han Woo Jin, ရည်မှန်းချက်ကြီးမားတဲ့ အရိုးအထူးကုဆရာဝန်မလေး Jung Ddol Mi တို ၃ ယောက် ပူးပေါင်းပြီး ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသက်ကို ဘယ်လို ကယ်တင်ကြမလဲ။ တစ်ဖက်မှာလည်း အကျိုးအမြတ်ကိုသာ ကြည့်တတ်တဲ့ ဆေးရုံအုပ်နဲ့ သူတို ၃ ယောက်ကြားမှာ ဘယ်လိုပဋိပက္ခတွေ ဖြစ်လာမလဲဆိုတာ သည်းထိတ်ရင်ဖို ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါဦးနော် .. ။ Episodes: 20 Aired: Sep 18, 2015 - Nov 21, 2015 Aired On: Friday, Saturday Original Network: jtbc Genres: Disaster, Survival, Earthquake, Medical Drama

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း