Big Thing (or) Lady President
Big Thing (2010) အပိုင်း (1 မှ 24) စ/ဆုံး Tempest လိုမျိုး အမျိုးသမီးသမ္မတ ဇာတ်လမ်းတွဲ ကောင်းကောင်းလေးတွေကို ကြည့်ချင်တဲ့သူတွေအတွက် ၂၀၁၀ တုန်းက ထွက်ရှိခဲ့တဲ့ Big Thing ဆိုတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Queen Mantis၊ Mask Girl ထဲက မင်းသမီး Go Hyun Jung နဲ့ Stairway to Heaven၊ Hitman: Agent Jun ရုပ်ရှင်ထဲက မင်းသား Kwon Sang Woo တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း သတင်းကြေညာသူအဖြစ်နဲ့ အခွင့်အလမ်းကောင်းတွေရှိနေတဲ့ ဆောဟယ်ရင်း (Go Hyun Jung) ဟာဆိုရင် အမျိုးသားရယ်၊ သားလေးရယ်နဲ့အတူတူ ဘဝကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဟာဒိုယာ (Kwon Sang Woo) ကတော့ အထက်တန်းကတည်းက ဆောဟယ်ရင်းမျက်နှာသာ ကြည့်လာခဲ့ပြီး တောက်လျှောက်ဆိုးသွမ်းလာပြီးမှ ဆောဟယ်ရင်းကြောင့်သာ အမှုစစ်ဖြစ်တဲ့အထိ ကြိုးစားခဲ့တဲ့သူပါ။ တစ်နေ့ ရုပ်သံလွှင့်ဌာနကနေပြီး ဆောဟယ်ရင်းရဲ့ အမျိုးသားကို အာဖဂန်နစ္စတန်မှာ သတင်းရိုက်ကူးဖို့ စေလွှတ်ခဲ့ပြီးနောက်မှာတော့ နိုင်ငံရေးအရှုပ်အရှင်းတွေကြားထဲ ချစ်ရတဲ့ခင်ပွန်းကို ဆုံးရှုံးလိုက်ရပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ သေဆုံးမှုနဲ့ပက်သက်ပြီး နိုင်ငံက ဘာမှမလုပ်ပေးခဲ့တဲ့အတွက် "နိုင်ငံတော်က ပြည်သူတွေကို ကာကွယ်ပေးရမယ်"ဆိုတဲ့ ခံယူချက်နဲ့အတူ ဆောဟယ်ရင်းဟာ ပထမဆုံးအမျိုးသမီး သမ္မတဖြစ်လာပါတော့တယ်။ ဆောဟယ်ရင်းရဲ့ နိုင်ငံရေးခံယူချက်တွေနဲ့ သမ္မတဖြစ်လာတဲ့အထိ တက်လှမ်းလာခဲ့တဲ့ ခြေလှမ်းအဆင့်ဆင့်ကို နိုင်ငံရေးနဲ့ ဥပဒေရေးရာကိစ္စ စုံစုံလင်လင်နဲ့ ပြသထားတဲ့အပြင် အဲဒီခေတ်တုန်းက Rating 28% ကျော်အထိ ရရှိခဲ့တဲ့ ကားကောင်းလေးဖြစ်တာကြောင့် ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှင်။ Aired: Oct 6, 2010 - Dec 23, 2010 Aired On: Wednesday, Thursday Genres: Romance, Life, Drama, Political Episodes: 24 Original Network: SBS
အပိုင်းများ
24 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း