Shadow Detective
အရင်လက ဝူရှ၊ ရှန်းရှတွေများခဲ့သလောက် ဒီလတော့ ချစ်ပရိတ်သတ်တို့အကြိုက် Modern ကားတွေများပါတယ်ဗျို့။ ဒီတစ်ခါလဲ ၁၉၃၀ ကို ဇာတ်အိမ်တည်ထားတဲ့ ဆန်းဆန်းပြားပြား C drama တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားမှာ မင်းသမီးချောလေး Wu Jia Yi နဲ့ The Wanted Detective ထဲမှာ Main Role အဖြစ် ပညာသားပါပါသရုပ်ဆောင်ပြသွားရင်း ကြည့်ရှုသူကိုပါ ယုန်ထင်ကြောင်ထင်ဖြစ်စေခဲ့တဲ့ မင်းသား Wang Xing Yue တို့က တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >>> ၁၉၃၀ ခုနှစ်အစောပိုင်းမှာ ရှန်ဟိုင်း၌ ကောလိပ်ကျောင်းသူတစ်ဦးဟာ သူ့အဆောင်အတွင်းမှာ လျှို့ဝှက်ဆန်းကြယ်စွာသေဆုံးခဲ့တဲ့အမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ ဗဟိုရဲစခန်းက စုံထောက် Guan Cen ကတာဝန်ယူခဲ့ပါတယ်။ ဒီလိုနဲ့ စုံစမ်းစစ်ဆေးနေရင်း စုံထောက်ဝတ္ထုတွေကိုနှစ်သက်ပြီး အသက် ၁၇ နှစ်အရွယ်ကလေးတစ်ဦးပြန်ပေးဆွဲခံရမှုကို ဖော်ထုတ်ကူညီနိုင်ခဲ့တဲ့ ကောလိပ်ကျောင်းသူလေး Lu Yi Zhen နဲ့ အမှတ်မထင်တွေ့ဆုံခဲ့မိပါတယ်။ ငယ်ကတည်းက စုံထောက်ဝတ္ထုတွေဖတ်ပြီး အမှုလိုက်ရတာဝါသနာပါတဲ့ Lu Yi Zhen ဟာ နှစ်နှစ်အကြာမှာ ရှန်ဟိုင်းရဲ့အမျိုးသမီးရဲအရာရှိများ ပထမအပတ်စဉ်ခန့်အပ်မှုထဲ ပါသွားခဲ့ပါတော့တယ်။ ဒါပေမဲ့ ကံကောင်းတယ်ပဲဆိုရမလား၊ Guan Cen က သူ့အထက်လူကြီးဖြစ်နေခဲ့ပါတယ်။ နှစ်ယောက်သားက ထူးဆန်းစွာသေဆုံးမှုကိုသေချာစုံစမ်းဖို့ ကလေးပြန်ပေးဆွဲမှုကိုပြန်လည်စစ်ဆေးလိုက်ချိန်မှာ မထင်ထားတဲ့အရိပ်အမြွက်တွေ၊ သဲလွန်စတွေရရှိလာပါတယ်။ ဒီလိုနဲ့ နှစ်ယောက်ပူးပေါင်းပြီး ဖုံးကွယ်နေတဲ့အမှန်တရားနဲ့ သေဆုံးမှုရဲ့အကြောင်းရင်းမှန်ကို စစ်ဆေးဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒီဇာတ်လမ်းက ဦးနှောက်ကိုအလုပ်ပေးမဲ့ဇာတ်လမ်းမျိုးဖြစ်တဲ့အပြင် အမှုတွေကလဲ စိတ်ဝင်စားစရာကောင်းတာမို့ detective series ကြိုက်သူတွေရော၊ ကြည့်နေကျ c drama တွေနဲ့မတူတာမျိုးကိုမှ ကြည့်ချင်တယ်ဆိုသူတွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ Quality : WEB-DL 1080p, 720p Total Episodes : 24 Format : mp4 Genres : Historical, Mystery Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
24 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း