Sniper Butterfly
အခုတစ်ခေါက်မှာတော့ C Drama Fan တို့အတွက် မမနဲ့မောင်ဇာတ်လမ်းလေးတစ်ခု ယူဆောင်လာပေးပါတယ်။ ဒီစီးရီးရဲ့ Main Lead နှစ်ယောက်က အပြင်မှာပါ Age Gap အတော်ကွာတဲ့အပြင် ဇာတ်လမ်းသဘောကလဲ ရင့်ကျက်တည်ငြိမ်တဲ့မမနဲ့ ငယ်ရွယ်ချောမောတဲ့မောင်လေးတို့ရဲ့ချစ်ခရီးကို လှလှပပလေး ဖော်ကျူးထားပေးပါတယ်။ ဝါရင့်မင်းသမီးကြီး Michelle Chen နဲ့ Romance, Youth စီးရီးဖြစ်တဲ့ Always Home ရဲ့ MC Daniel Zhou တို့က လိုက်ဖက်ညီစွာသရုပ်ဆောင်ထားကြတာပါ။ အချစ်ကားနဲ့ age gap ကွာတာကိုကြိုက်တဲ့ပရိသတ်တို့အတွက်လည်း ဒီစီးရီးလေးက လက်မလွှတ်တမ်းအားပေးရမဲ့စီးရီးတစ်ခုပါပဲ! ဇာတ်လမ်းအညွှန်း >>> ချန်ကျင်းတစ်ယောက် ဘဝမှာ အခက်အခဲကြုံနေရတဲ့အချိန် သူ(မ) တစ်ချိန်က ထောက်ပံ့ခဲ့ဖူးတဲ့ ကျေးလက်နေကလေးငယ် လီဝူဆီကနေ အကူအညီတောင်းခံမှုကို လက်ခံရရှိခဲ့ပါတယ်။ ကိုယ်တိုင်က အခက်အခဲဖြစ်နေပေမဲ့ လီဝူရဲ့ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်တဲ့စိတ်ဓာတ်က ချန်ကျင်းကို လှုံ့ဆော်ပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ကျောင်းထွက်ရတော့မဲ့၊ အားကိုးစရာလူလည်းမရှိတဲ့လီဝူကို ပညာရေးအတွက် သူ့မြို့ဆီခေါ်လာလိုက်ပါတယ်။ ခြောက်နှစ်အကြာမှာတော့ အောင်မြင်နေသူတစ်ယောက်ဖြစ်လာတဲ့လီဝူဟာ မြို့ကိုပြန်ရောက်လာပြီး အလုပ်ကြောင့် ချန်ကျင်းနဲ့ ပြန်လည်ဆုံစည်းခဲ့ရပါတယ်။ လီဝူက အတိတ်ကကိစ္စတွေကို ထုတ်ဖော်မပြောခဲ့ပေမဲ့ သူဟာ ချန်ကျင်းအပေါ် မေတ္တာသက်ဝင်ချစ်မြတ်နိုးမိနေမှန်း သိလိုက်ရပါတယ်။ ရင်ခုန်သံနဲ့နှလုံးသားကိုထိန်းချုပ်မရတဲ့လီဝူက ဝန်ခံဖွင့်ဟလိုက်ချိန်မှာတော့..... ချန်ကျင်းက လီဝူရဲ့အချစ်ကိုလက်ခံမှာလား? မမနဲ့မောင်လေးတို့ရဲ့ချစ်ခရီးက ပျားရည်လိုအမြဲချိုမြနေမှာလားဆိုတာကိုတော့ ပရိသတ်တို့ကို အချိုတွေကျွေးမဲ့ဒီစီးရီးလေးမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ Quality : WEB-DL 1080p, 720p Total Episodes : 30 Format : mp4 Genres : Romance, Modern Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
30 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း