ဇာတ်ကားများ ရွေးရန်

The Abandons

2025ဇာတ်လမ်းတွဲအမှတ် 6.5/10

The Abandons (2025) Season 01 (စ/ဆုံး) ဒီဇာတ်လမ်းတွဲလေးကတော့ ၁၈၅၀ ပြည့်နှစ် ဝါရှင်တန်နယ်မြေကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ အနောက်တိုင်း ဒရာမာဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဖီယိုနာ နိုလန် ဟာ စွန့်ပစ်ခံကလေးငယ်တွေ မိဘမဲ့ကလေးများကို မွေးစားကာ မိသားစုအဖြစ် စုစည်းထားတဲ့ အိုင်ယာလန်အမျိုးသမီးတစ်ယောက်ပါ။ သူပိုင်ဆိုင်တဲ့ ဂျက်စပါဟောလိုးဒေသမှာရှိတဲ့ မွေးမြူရေးနဲ့ မြေယာကို ကာကွယ်ရန်ကြိုးစားနေတဲ့သူ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ကွန်စတန့်စ် ဗန်နက်စ်ကတော့ တစ်မြို့လုံးကို လွှမ်းမိုးထားတဲ့ ချမ်းသာကြွယ်ဝပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဗန်နက်စ် မိသားစုရဲ့ မိခင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ ကွန့်စတန့််စ် ဟာ ဖီယိုနာတို့ရဲ့ မြေအောက်မှာ ငွေသတ္တုသိုက်ရှိနေတဲ့ အကြောင်းကို သိရှိသွားခဲ့ပြီး ထိုမြေကို အတင်းအဓမ္မသိမ်းယူရန် ကြိုးစားရာကနေတဆင့် ပဋိပက္ခတွေစတင်ပါတော့တယ်။ ဇာတ်လမ်းလေးဟာ မိခင်နှစ်ဦး ဦးဆောင်တဲ့ မိသားစုနှစ်ခုရဲ့ အငြင်းပွါးမှုတွေ အာဏာလုပွဲတွေ မိသားစုအချင်းချင်းသစ္စာစောင့်သိမှုတွေ ပြစ်မှုတွေ တရားဥပဒေဆိုတာ အရေးမပါအရာမရောက်သေးတဲ့ ခေတ်ကာလမှာ ရှင်သန်ရပ်တည်ဖို့ ကြိုးစားပုံတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ်။ File size… (600 MB) / (300 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Western Duration…. 45min Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း