ဇာတ်ကားများ ရွေးရန်

The Price of Confession

2025ဇာတ်လမ်းတွဲအမှတ် 8.9/10

The Price of Confession (2025) အပိုင်းသစ် (1 မှ 12) စ/ဆုံး “Memories of the sword” ဇာတ်ကားပြီးနောက် ၁၀ နှစ်အကြာမှပြန်ဆုံတဲ့ Kim Go Eun နဲ့ Jeon Do Yeon တို့ မင်းသမီးနှစ်ဦးရဲ့ ရုပ်ရှင်လေးကတော့ ထွက်ရှိလို့လာပါပြီ။ ဒီကားလေးထဲမှာတော့ မင်းသမီး Kim Go Eun ကို Psychopath ကာရိုက်တာနဲ့ တစ်မူထူးခြားစွာ တွေ့မြင်ရမှာဖြစ်ပြီး သရုပ်ဆောင် Park Hae Soo နဲ့ Jin Seong Kyu တို့ကလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်ထားပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ အနုပညာဆရာမအဖြစ် အသက်မွေးဝမ်းကြောင်းပြုရင်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ An Yun Su (Jeon Do Yeon ) ဟာ သူရဲ့ခင်ပွန်းဖြစ်သူ အသတ်ခံရပြီးနောက်မှာတော့ သံသယရှိသူအဖြစ် စွပ်စွဲခံလိုက်ရပါတော့တယ်။ သူမဟာ လူသတ်မှုနဲ့ ထောင်ကျနေတဲ့အချိန် တခြားသူရဲ့အတွေးတွေ ခံစားချက်တွေကို အလွယ်တကူ ဖောက်ထွင်းမြင်နိုင်လို့ လူအများက “ စုန်းမ” လို့ သတ်မှတ်ထားတဲ့ Mo Eun (Kim Go Eun) ဆိုသူနဲ့ တွေ့ဆုံခဲ့ပြီးနောက် လျှို့ဝှက်ချက်တွေ အသီးသီးရှိနေကြတဲ့ သူတို့နှစ်ယောက်ဟာ အန္တရာယ်များတဲ့ အပေးအယူတစ်ခု လုပ်ခဲ့ပါတော့တယ်။ အဲဒီလို An Yun Su နဲ့ Mo Eun တို့ နှစ်ယောက်ကြားက လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားနေတဲ့ အမှုစစ် Baek Dong Hun (Park Hae Soo) နဲ့ An Yun Su ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက် အမှန်တရားကို စုံစမ်းနေတဲ့ An Yun Su ရဲ့ ရှေ့နေ Jang Jeong Gu (Jin Seon Kyu).... “ စုန်းမ ”လို့ အမည်တွင်နေတဲ့ Mo Eun နဲ့ လူသတ်သမားလို့ မတရား စွပ်စွဲခံလိုက်ရတဲ့ An Yun Su တို့ နှစ်ယောက်ရဲ့ လျှို့ဝှက်အပေးအယူက ဘာဖြစ်မလဲ.... အဲဒီအပေးအယူရဲ့ နောက်ကွယ်မှာ‌ရော ဘာတွေရှိနေမလဲ... အမှုစစ်နဲ့ ရှေ့နေတို့ကရော တကယ့် အမှန်တရားကို ရှာဖွေဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာကို တစ်ခါတည်း အပြီးထိ ထွက်ရှိမဲ့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော်။ Aired: Dec 5, 2025 Aired On: Friday Genres: Thriller, Mystery, Psychological, Crime Episodes: 12 Original Network: Netflix

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း