ဇာတ်ကားများ ရွေးရန်

Breathless

2024ဇာတ်လမ်းတွဲအမှတ် 7.6/10

"Breathless" (Respira) ဒီဇာတ်လမ်းတွဲကတော့ စပိန်နိုင်ငံ၊ ဗယ်လင်စီယာမြို့က Joaquín Sorolla အများပြည်သူဆေးရုံကြီးမှာ ဇာတ်အိမ်တည်ထားတာပါ။ ဆေးရုံထဲက ဆရာဝန်တွေ၊ သူနာပြုတွေရဲ့အလုပ်ခွင်ထဲက ရုန်းကန်မှုတွေ၊ သူတို့ရဲ့ ဘဝဇာတ်လမ်းတွေကို ရိုက်ကူးထားတာပါ။ အဓိကကတော့ ဒီဆေးရုံကြီးမှာ အများပြည်သူဆေးရုံစနစ် ပြိုလဲမှုဒဏ်ကို ခံစားနေရတဲ့အခြေအနေ နဲ့ ဆရာဝန်တွေ၊ သူနာပြုတွေက လူနာအပြင်တင်မက၊ ဆေးရုံမှာ လူအားမလုံလောက်၊ ပစ္စည်းကိရိယာမလုံလောက် ဆိုတဲ့ ပြဿနာတွေနဲ့လည်း ရုန်းကန်နေရပါတယ်။ နောက်ပိုင်းရာသီတွေမှာဆို ပိုဆိုးလာတယ် ဆေးရုံကို ပုဂ္ဂလိကပိုင်လုပ်ငန်းတွေက လွဲယူလိုက်တော့ ပိုပြီး အခြေအနေရှုပ်ထွေးကုန်တယ်။ ဆေးကုသမှုက စီးပွားရေးလုပ်ငန်းဖြစ်သွားတော့၊ ဆရာဝန်တွေရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးချင်တဲ့စိတ်နဲ့ ငွေကြေးအမြတ်ထုတ်ချင်တဲ့စိတ်တွေ တိုက်ခိုက်နေရတယ်။ လူနာတွေကုတဲ့အခါ ဆရာဝန်တွေ ဘယ်လိုစဉ်းစားရလဲ၊ ဘာတွေ ဆုံးဖြတ်ရခက်လဲ ဆိုတာ အမှန်အတိုင်းနီးပါး ရိုက်ပြထားတယ်။ ဇာတ်လမ်းထဲက ဆရာဝန်တစ်ယောက်ချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာ၊ အချစ်ရေး မိသားစုအရှုပ်တော်ပုံတွေ ရှိနေတယ်။ ကျွန်တော်တို့ နေ့စဉ်ကြုံနေရတဲ့ အများပြည်သူဆေးရုံစနစ်ရဲ့ အခက်အခဲတွေ၊ ဆင်းရဲသားတွေ ဆေးကုသခွင့်ရဖို့ ခက်ခဲနေတဲ့ အခြေအနေတွေကို ထင်ဟပ်နေတယ်။ အနှစ်ချုပ်ပြောရရင် "Breathless" ဆိုတာ ဆေးရုံဆိုတဲ့နေရာမှာ လူ့အသက်တွေကို ကယ်တင်ဖို့ ကြိုးစားနေကြတဲ့ သာမန်လူတွေရဲ့ ဇာတ်လမ်းပါ။ သူတို့ရဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှု၊ ဝမ်းနည်းပူဆွေးမှုနဲ့ ပျော်ရွှင်မှုအားလုံးကို မြင်ရမှာဖြစ်ပါတယ်။ File Size – 900 MB(Appx;)@Episode Quality – 1080p WEB DL Duration –40minute (@Episode) Total Episodes:8Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း