ဇာတ်ကားများ ရွေးရန်

Fashion King

2012ဇာတ်လမ်းတွဲအမှတ် 8.5/10

Fashion King (2012) အပိုင်း (၁ မှ ၂၀) စ,ဆုံး ယခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲလေးကတော့ Chicago Typewriter က မင်းသား Yoo Ah In, Taxi Driver ထဲက မင်းသား Lee Je Hoon, The Bride of Habaek ထဲက မင်းသမီး Shin Se Kyung နဲ့ Girls Generation အဖွဲ့ဝင် Kwon Yuri စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ အဓိက ပါဝင်ထားတဲ့ Romance, Drama အမျိုးအစားလေး Fashion King ဆိုတဲ့ ဇာတ်လမ်းတွဲဟောင်းလေးပဲဖြစ်ပါတယ် .. ဇာတ်လမ်းအကျဉ်းကတော့ .. ဂန်ယောင်းဂေါ (Yoo Ah In) ဆိုတဲ့လူငယ်လေးဟာ .. ဆိုးလ်မြို့ရဲ့ ဖက်ရှင်အကျဆုံးနေရာလို့ တင်စားလို့ရတဲ့ ဒုံဒယ်မွန်ဈေးက ဖက်ရှင်ဆိုင်လေးတစ်ဆိုင်ရဲ့ အရည်အချင်းရှိ ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ နာမည်ကြီး ဒီဇိုင်နာတစ်ဦးဖြစ်ချင်တယ်ဆိုတဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြောက်ရွံ့‌နေခဲ့တဲ့ ယောင်းဂေါဟာ .. ရည်မှန်းချက်ပန်းတိုင်ချင်းတူညီတဲ့ အီဂါယောင်း (Lee Ga Young) ဆိုတဲ့မိန်းကလေးကို တွေ့ဆုံမိခဲ့ရာမှာတော့ .. သူတို့ ၂ ဦးစလုံး ဖြစ်ချင်တဲ့ နာမည်ကြီး ဒီဇိုင်နာဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲ... တစ်ဖက်မှာလည်း သူမ လိုချင်တဲ့အရာကို ရအောင်ယူတတ်တဲ့ ချွဲအန်နာ (Kwon Yu Ri) ရဲ့ ရည်စားဟောင်းဖြစ်သူ သူဌေးသား ဂျောင်ဂျယ်ဟျော့ (Lee Je Hoon) နဲ့ အီဂါယောင်းတို့ အကြောင်းအရင်းအမျိုးမျိုးကြောင့် မထင်မှတ်ဘဲ ပတ်သက်မိသွားတဲ့အခါမှာတော့ .. သုံးပွင့်ဆိုင်အချစ်တွေ ဘယ်လို ဘယ်ပုံပေါ်ပေါက်လာမလဲ ဆိုတာကို ဇာတ်လမ်းတွဲလေးထဲမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် .. Episodes: 20 Aired: Mar 19, 2012 - May 22, 2012 Aired On: Monday, Tuesday Original Network: SBS Genres: Romance, Drama, Melodrama

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း