The Heaven Sword and Dragon Saber
နဂါးနိုင်ဓား (သို့မဟုတ်) ဓား၂လက်ရာဇဝင်လို့သိကြတဲ့ 2009 Version ဖြစ်ပါတယ် "နဂါးနိုင်ဓားကို ပိုင်စိုးပြီး တိမ်လွှာဓားကို ကိုင်စွဲနိုင်သူဟာ သိုင်းလောကကို အုပ်စိုးရမယ်" ဆိုတဲ့ စကားတစ်ခွန်းကြောင့် သိုင်းလောကတစ်ခုလုံး သွေးချောင်းစီးခဲ့ရတဲ့ ဇာတ်လမ်းတွေကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဆရာကြီး ကျင်းယုံရဲ့ ဂန္ထဝင်ဝတ္ထုကို ဒါရိုက်တာ ကျန်းကျိကျုံးက သူ့ရဲ့ထုံးစံအတိုင်း ခမ်းနားကြီးကျယ်စွာ ပုံဖော်ရိုက်ကူးခဲ့ပါတယ်.. မူရင်းဝတ္ထုနဲ့အနီးစပ်ဆုံးတူအောင်ရိုက်ကူးထားတယ်လို့လည်းဆိုကြပါတယ် သိုင်းကားပရိသတ်တွေရဲ့ ရင်ထဲမှာတော့ ဒီဇာတ်လမ်းတွဲဟာ သူ့နေရာနဲ့သူ စွဲမြဲစွာတည်ရှိနေခဲ့တာ အမှန်ပါပဲ။ ဒီဇာတ်ကားမှာ မပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ အမြဲတမ်းတွေဝေနေတတ်တဲ့ ဇာတ်လိုက်ကျော် ကျန်းဝူကျိအဖြစ် မင်းသား (Deng Chao) က ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ဘဝကို လှည့်စားကစားမယ့် မွန်ဂိုမင်းသမီး ကျောက်မိန် အဖြစ် နာမည်ကျော်မင်းသမီး Ady An က ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။ ငယ်သူငယ်ချင်းဘဝကနေ အမုန်းတရားတွေနဲ့ ပြောင်းလဲသွားတဲ့ ကျိုးကျီရော့ အဖြစ် လျိုကျင်း (Liu Jing) ရဲ့ သရုပ်ဆောင်ချက်တွေကလည်း ပရိသတ်ကို ဇာတ်လမ်းထဲ စီးမျောသွားစေမှာပါ သိုင်းလောကရဲ့ အထင်လွဲမှုတွေ၊ ဂိုဏ်းဂဏစွဲတွေကြောင့် ချစ်ရတဲ့မိဘနှစ်ပါးကို ငယ်စဉ်ကတည်းက ဆုံးရှုံးခဲ့ရပြီး ကိုယ်တိုင်ကလည်း အသက်သေစေနိုင်တဲ့ အဆိပ်သင့်ခဲ့ရတဲ့ ကောင်လေးတစ်ယောက်... ကံတရားရဲ့မျက်နှာသာပေးမှုနဲ့ သိုင်းလောကရဲ့ အထွတ်အထိပ်သိုင်းကျမ်းတွေကို သင်ယူခွင့်ရခဲ့ပြီးနောက် လူတွေအထင်သေးတဲ့ မင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာခဲ့ပါတယ် သူ့ဘဝထဲကို အကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ မိန်းမလှလေးယောက်နဲ့ ရှုပ်ထွေးပွေလီတဲ့ အချစ်ဇာတ်လမ်းတွေကြားမှာ သူဘယ်လိုရပ်တည်မလဲ... တစ်ယောက်က သူ့ကို ချစ်သလောက် ဒုက္ခပေးမယ့် ပြိုင်ဘက်၊ တစ်ယောက်က ငယ်ပေါင်းဖြစ်ပေမယ့် အမုန်းကြီးမုန်းသွားမယ့်သူ၊ နောက်တစ်ယောက်က သူ့အတွက်ဆို အရာရာကို ပေးဆပ်မယ့်သူ... ဒီမိန်းကလေးတွေကြားမှာ ဗျာများနေတဲ့ ကျန်းဝူကျိတစ်ယောက် မွန်ဂိုတွေကို တော်လှန်ပြီး သွေးစည်းညီညွတ်တဲ့ သိုင်းလောကတစ်ခုကို တည်ဆောက်နိုင်ပါ့မလား ဒီဇာတ်လမ်းမှာ ချစ်ခြင်းမေတ္တာ၊ အမုန်းတရား၊ သစ္စာဖောက်ခြင်း၊ ပေးဆပ်အနစ်နာခံခြင်း နဲ့ ဆုံးဖြတ်ချက်မှားတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို လှလှပပ ပုံဖော်သွားတာမို့ ကြည့်ရှုသူတွေအတွက်တော့ ခံစားချက်မျိုးစုံနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ် လုံးဝမကြည့်ရသေးတဲ့သူပဲဖြစ်ဖြစ်၊ အရင်ကကြည့်ဖူးပြီးသားကို အကြည်လင်ဆုံး HD Version နဲ့ ပြန်လည်ခံစားချင်တာပဲဖြစ်ဖြစ် လုံးဝကို လက်မလွှတ်သင့်တဲ့ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ကြောင်း အသေအချာ ညွှန်းပေးလိုက်ရပါတယ် Quality: WEB-DL 1080p, 720p Total Episodes: 40 Format: mp4 Genres: Action, Adventure, Romance, Wuxia Runtime: 45 min Subtitle: Myanmar Subtitle (Hardsub)
အပိုင်းများ
40 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း