Villains
Villains (2025) အပိုင်း 1 မှ 8 စ/ဆုံး Mystery, Thriller ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက် Main Lead က ဗီလိန်ဖြစ်တဲ့ ဇာတ်ကားကောင်းလေးထွက်ရှိလို့ လာပြီဖြစ်ပါတယ်။ Cast တွေ အနေနဲ့ကတော့ "Money Heist: Korea - Joint Economic Area" ထဲမှ ပါမောက္ခကြီးဖြစ်တဲ့ Yoo Ji-Tae ၊ "Once Again" မှ မင်းသမီးချော Lee Min-Jung၊ "Firefighters" မှ Kwak Do-Won အပြင် "Mercy for None" မှ Lee Beom-Soo တို့ အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ~ J ( Yoo Ji-Tae) ဆိုတဲ့ လျှို့ဝှက်နာမည်နဲ့လူဟာ မျက်နှာမဖော်ပြတတ်တဲ့ ရာဇဝတ်မှု အစီအစဥ်ဆွဲသူဖြစ်ပြီး၊ ထက်မြက်တာကြောင့် သူကြံစည်သမျှ ရာဇဝတ်မှုတိုင်းက ၁၀၀ ရာခိုင်နှုန်း အောင်မြင်နိုင်ခြေရှိသူပါ။ ဒါကြောင့်ပဲ သူ့ရဲ့ ရာဇဝတ်မှုတွေက ပြောင်မြောက်တဲ့လက်ရာလို့ ပြောပြီး ဂုဏ်ယူနေတတ်သူ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပိုက်ဆံမက်ပြီး လူတွေဆီက လာဘ်စား၊ သူခိုးတွေဆီက ပိုက်ဆံလုယူတာတွေ လုပ်တတ်တဲ့ အကျင့်ပျက် ခြစားနေတဲ့ စုံထောက် Jang Jung- Hyeok (Kwak Do-Won) ... အမျိုးသားထောက်လှမ်းရေးဌာနမှာ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုအဖွဲ့ရဲ့ အကြီးအကဲဖြစ်ခဲ့ပေမဲ့ J ရဲ့ ရာဇဝတ်မှုကြောင့် အလုပ်ကို ဆုံးရှုံးလိုက်ရပြီး လက်ရှိမှာ J ရဲ့ အနောက်ကို လိုက်နေတဲ့ Cha Ki-Tae (Lee Beom-Soo) ... လွန်ခဲ့တဲ့ ၅ နှစ်က J စီစဥ်ခဲ့တဲ့ ရာဇဝတ်မှုကြောင့် ဘဝပျက်သွားခဲ့ရတာကြောင့် လက်စားပြန်ချေဖို့အတွက် ငွေတုလုပ်နည်းကို သင်ယူခဲ့ပြီး လက်ရှိမှာ အတော်ဆုံးငွေတုလုပ်တဲ့လူ ဖြစ်နေတဲ့ Han Soo-Hyun (Lee Min-Jung) .... ဒီလိုနဲ့ပဲ အရည်အသွေးမြင့်တဲ့ ငွေအတုတွေကြောင့် လူဆိုးတွေကြားထဲ နှစ်ဦးနှစ်ဖက် တိုက်ခိုက်မှုတွေ ပြင်းထန်နေကြစဥ်မှာပဲ ရာဇဝတ်မှု အစီအစဥ်ဆွဲသူ, လက်စားချေမဲ့သူနဲ့ အကျင့်ပျက်ခြစားနေတဲ့ အရာရှိတို့ကြား ဘယ်သူက အနိုင်ရသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ အပတ်စဥ် ကြာသာပတေးနေ့တိုင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ Airs : December 18, 2025 - Airs On: Thursday Genres: Thriller, Mystery, Crime, Drama Episodes: 8 Duration : 60 min. Original Network: TVING Subtitle: Myanmar Subtitle (Hardsub)
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း