ဇာတ်ကားများ ရွေးရန်

Strange Chronicles of Tang

2025ဇာတ်လမ်းတွဲ

ဒီတစ်ခါတင်ဆက်ပေးသွားမဲ့စီးရီးကတော့ Strange Tales of Tang Dynasty 3 ရဲ့ Prequel အဖြစ်မှတ်ယူလို့ရတဲ့ Strange Chronicles of Tang ဆိုတဲ့စီးရီးပါ။ ဒီစီးရီးမှာ ထန်ခေတ်အစောပိုင်းကာလကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။ MC တွေကတော့ Strange Tales of Tang Dynasty 3 မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Yang Xu Wen, Yang Zhi Gang တို့ကပဲ ပါဝင်သရုပ်ဆောင်ထားပြီး Tang Dynasty 3 က အဖွဲ့သားတွေကိုပဲ ပြန်မြင်တွေ့ရမှာပါ။ Tang Dynasty 3 တုန်းကလဲ ကြည့်ရှုနှုန်းကမိုးထိမတတ် ထိုးတက်ခဲ့တာမို့ ဒီစီးရီးကိုလဲ C drama fan တွေ အကြိုက်တွေ့မှာ အသေအချာပါပဲ! ဇာတ်လမ်းအညွှန်း >>> ထန်မင်းဆက်အစောပိုင်းကာလမှာ ကြီးကျယ်ခမ်းနားလှတဲ့ချန်အန်းမြို့‌တော်ဟာ အမှောင်ထုတွေဖုံးလွှမ်းနေတဲ့အပြင် ဆန်းကြယ်တဲ့ကိစ္စတွေနဲ့ ပြည့်နှက်နေပါတယ်။ အပြင်ပန်းအရတော့ သာယာစည်ပင်ပုံရတဲ့ချန်အန်းမှာ မကောင်းမှုအမှောင်ထုကကြီးစိုးနေတာမို့ ထူးခြားဆန်းကြယ်မှုတွေက တစ်စထက်တစ်စများပြားလာပါတော့တယ်။ အဲလိုသွေးထွက်သံယိုမှု၊ ထူးခြားဆန်းကြယ်မှု၊ ရုန်းရင်းဆန်ခတ်မှုတွေကြားမှာ အန္တရာယ်ရှိတဲ့အရာတစ်ခုက ပုန်းလျှိုးကွယ်လျှိုတည်ရှိနေခဲ့ပါတယ်။ အဲလိုဆန်းကြယ်မှုတွေကို လူလင်ဖုံးတို့အဖွဲ့က အဖြေလိုက်ရှာရင်း ပုန်းကွယ်နေတဲ့အရာကို ထိမိမှန်းမသိထိမိလိုက်ချိန်မှာတော့... ချန်အန်းရဲ့ဆန်းကြယ်မှုတွေဟာ လူလုပ်တာလား? ဒါမှမဟုတ် မိစ္ဆာလက်ချက်လား?? ဆန်းကြယ်မှုကြားမှာ ပုန်းအောင်းနေတဲ့အန္တရာယ်ဆိုတဲ့အရာကရော တကယ်တမ်းကျ ဘာဖြစ်နေမှာလဲ...ဒီလိုစိတ်ဝင်စားစရာဇာတ်ကြောင်းအစုံစုံကိုကြည့်ရှုရင်း ခေတ္တခဏစုံထောက်လုပ်ချင်ရင်တော့ ဒီစီးရီးက မဖြစ်မနေကြည့်သင့်တဲ့စီးရီးတွေထဲကတစ်ခုပါပဲ! Quality : WEB-DL 1080p, 720p  Total Episodes : 21 Format : mp4 Genres : Historical Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

21 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 21 အပိုင်း

ဇာတ်လမ်းအကြောင်း