Shine on Me
ပရိသတ်တို့ဆီကို ဒီတစ်ခါ ယူဆောင်လာပေးတဲ့စီးရီးကတော့ Romance King တစ်ပါးဖြစ်တဲ့ မင်းသားချော Song Wei Long ရဲ့ကားသစ်ပါ။ ဒီကားကလည်း မထွက်ခင်ကတည်းက C drama fan တို့က လည်ပင်းရှည်မတတ်စောင့်စားခဲ့ကြတဲ့စီးရီးဆိုရင်လည်း မမှားပါဘူး။ ဒီစီးရီးက Romance ဆိုပေမဲ့ Age Gap ကွာတဲ့လူနှစ်ယောက်ကြားက တိတ်တခိုးချစ်ရိပ်တို့ကိုအခြေတည်ရိုက်ကူးထားတာမို့ ကြည့်ရှုရင်း စိတ်ထဲကလိကလိဖြစ်ရမှာကတော့ ကျိန်းသေပါပဲ။ မင်းသား Song Wei Long နဲ့အတူ Our Generation မှာ အချစ်ရူးမလေးယင်းထောင်အဖြစ် ပရိသတ်ရဲ့စိတ်ဝင်စားအားပေးမှုကို အရယူနိုင်ခဲ့တဲ့ Zhao Jin Mai က ကမ်ဆွီမိမိတွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >>> တက်ကြွတဲ့တက္ကသိုလ်ကျောင်းသူလေး နျဲ့ရှီကွမ်းက အပြင်လောကရဲ့စိန်ခေါ်မှုတွေကို စူးစမ်းရှာဖွေရင်း အလုပ်ခွင်ထဲရောက်ရှိလာပါတယ်။ တက္ကသိုလ်တက်တုန်းက စာအရမ်းတော်တဲ့ထိပ်တန်းကျောင်းသား ကျွမ်းရွှီကို စိတ်ထဲကနေကြိတ်မုန်းတီးခဲ့သူဆိုရင်လဲ မမှားပါဘူး။ ကံဆိုးတယ်ပဲဆိုရမလား သူ လုပ်ငန်းခွင်ဝင်တဲ့အခါမှာလဲ ထက်မြက်ပြီးစီးပွားရေးအမြင်ရှိတဲ့ ခွဲစိတ်ဆရာဝန်ဟောင်း လင်ယွီစန်းဆိုသူနဲ့ ထပ်ဆုံရပြန်ပါတယ်။ တစ်ဖက်မှာလည်း ကြီးမားတဲ့ယာဉ်မတော်တဆမှုကိုကြုံခဲ့ရတဲ့လင်ယွီစန်းဟာ ခွဲစိတ်ဆရာဝန်အလုပ်ကိုစွန့်လွှတ်ခဲ့ရသလို သူ့ဘဝရဲ့မျှော်လင့်ချက်ရောင်ခြည်ကလဲ တဖြည်းဖြည်းမှေးမှိန်စပြုလာပါတယ်။ ဒါပေမဲ့ နွေးထွေးတောက်ပပြီးသွက်လက်တဲ့နျဲ့ရှီကွမ်းဟာ သူ့ဘဝရဲ့နေရောင်ခြည်နွေးနွေးလေး ဖြစ်မှန်းမသိဖြစ်လာခဲ့ချိန်မှာတော့..... အစပိုင်းမှာ နားလည်မှုလွဲမှားခဲ့ကြပေမဲ့ နျဲ့ရှီကွမ်းရဲ့ခပ်နွေးနွေးချစ်မေတ္တာတွေကြောင့် လင်ယွီစန်းဟာလဲ ပျောက်ဆုံးနေတဲ့နွေးထွေးမှုကိုပြန်ရရှိသွားမလား? ယွီစန်းရဲ့ချစ်ခြင်းမေတ္တာတွေကြောင့် ရှီကွမ်းကလဲ အတိတ်ကနာကျင်စရာတွေထဲက ရုန်းထွက်နိုင်မှာလား?? အသက်အရွယ်ကွာဟတဲ့နှစ်ဦးသားရဲ့ချစ်ခရီးက ဖယောင်းလမ်းလိုအမြဲချောမွေ့နေပါ့မလား??? ဒီလိုကလိလိဖြစ်စေတဲ့ခံစားချက်တွေနဲ့အတူ ဘာတွေဆက်ဖြစ်မလဲသိချင်ရင်တော့ ဒီစီးရီးလေးကိုလဲ စောင့်မျှော်အားပေးလိုက်ပါအုံးနော်! Quality : WEB-DL 1080p, 720p Total Episodes : 36 Format : mp4 Genres : Modern, Romance Runtime : 45 min
အပိုင်းများ
36 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း