ဇာတ်ကားများ ရွေးရန်

Under a Dark Sun

2025ဇာတ်လမ်းတွဲအမှတ် 6.3/10

ပြင်သစ်စကားပြော Netflix စီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ အိမ်ကနေ ထွက်ပြေးလာတဲ့ သားအမိ ၂ယောက်ဖြစ်တဲ့ အယ်လ်ဘာ (Ava Baya) နဲ့ သူမရဲ့သား လီယို (Max Harter) တို့ဟာ ပိုက်ဆံပြတ်သွားလို့ နှင်းဆီပန်းစိုက်ခင်းတစ်ခုမှာ ပန်းခူးသမအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ အလုပ်ဝင်ပြီး နောက်တစ်ရက်မှာပဲ စိုက်ခင်းပိုင်ရှင် အာနော (Thibault de Montalembert)အသတ်ခံရပြီး သေတမ်းစာအရ အယ်လ်ဘာ့ကို တိတ်တိတ်ပုန်းသမီးအနေနဲ့ အမွေ လေးပုံတစ်ပုံ ပေးခဲ့ကြောင်း သိလိုက်ရပါတယ်။ ဒီလောက်တိုက်တိုက်ဆိုင်ဆိုင်ရောက်လာပြီး ရာဇဝတ်မှုမကင်းရှင်းတဲ့ အယ်လ်ဘာကို အာနောရဲ့ ဇနီး ဘီယယ်ထရစ် (Isabelle Adjani)၊ သားနဲ့ သမီးဖြစ်သူ မတ်သယူး (Louise Coldefy) နဲ့ လူစီ (Guillaume Gouix) တို့က ဘယ်လို သဘောထားကြမလဲ၊ အယ်လ်ဘာ ရောက်လာတာကရော တကယ်ပဲ ရိုးရှင်းရဲ့လား၊ နောက်ကွယ်ကနေ တိတ်တဆိတ်ပူးပေါင်းကြံစည်မှုတွေကြားမှာ ဘယ်လို အသက်လုကြမလဲဆိုတာကို ရှုစားကြည့်ကြပါ။ တစ်ပိုင်းကို မိနစ် ၅၀ ဝန်းကျင်ပဲ ရှိပြီး ဒါရိုက်တာကတော့ Marie Jardillier နဲ့ Edouard Salier တို့ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူ Thompson ဖြစ်ပါတယ်။ File size…(788 MB)/(241 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:22:00 Genre...Family,, Animation  Subtitle….Myanmar Subtitle (Hardsub)

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း