ဇာတ်ကားများ ရွေးရန်

Real Kashmir Football Club

2025ဇာတ်လမ်းတွဲ

Real Kashmir Football Club S1 (2025) နှင်းသစ်ကုလားအုပ်များ "Snow Leopards" လို့ အမည်ပြောင်ပေးထားတဲ့ Real Kashmir Football Club ဟာ ကွင်းထဲက ဘောလုံးပွဲတစ်ခုထက် ပိုပါတယ် ဒါစီးရီးက မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတဲ့ အရပ်ဒေသတစ်ခုမှာ အိမ်မက်တွေကို အသက်သွင်းခဲ့တဲ့ လူတစ်စုရဲ့ အားမာန်အပြည့်ပါတဲ့ ခရီးစဉ်တစ်ခုပါ အပိုင်း (၈) ပိုင်းပါဝင်တဲ့ ဒီစီးရီးက ပဋိပက္ခတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ သဘာဝဘေးဒဏ်တွေကြားမှာ ရုန်းကန်နေရတဲ့ ကက်ရှ်မီးယားဒေသရဲ့ ပကတိအရှိတရားတွေကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ သတင်းထောက်အလုပ်ကနေ ထွက်လိုက်တဲ့ ဆိုဟေးလ်ကသူ့ရဲ့ဒေသက လူငယ်တွေ လမ်းမှားမရောက်စေဖို့နဲ့ သူတို့ရဲ့ဒေါသတွေကို အပြုသဘောဆောင်တဲ့နေရာမှာ အသုံးချနိုင်ဖို့ "ဘောလုံးကလပ်" တစ်ခု ထောင်ဖို့ အိပ်မက်မက်ခဲ့ပါတယ် ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင် ရှီးရစ်ရှ်နဲ့ လက်တွဲခဲ့ရာကနေ ကက်ရှ်မီးယားရဲ့ ပထမဆုံးသော ပရော်ဖက်ရှင်နယ် ဘောလုံးအသင်း စတင်ဖြစ်ပေါ်လာပါတယ် ဒါပေမဲ့ ဒီခရီးလမ်းက ပန်းခင်းသောလမ်းတော့ မဟုတ်ခဲ့ပါဘူး မိသားစုအတားအဆီးများတွေနဲ့ ဘောလုံးကန်တာထက် အလုပ်လုပ်ဖို့ ဒါမှမဟုတ် စာသင်ဖို့ ဖိအားပေးခံရတဲ့ ကစားသမား‌တွေ၊အရင်းအမြစ်ရှားပါးမှုကြောင့် ဘောလုံးကွင်းကောင်းကောင်းမရှိ ပစ္စည်းကိရိယာမပြည့်စုံတဲ့ကြားက အမှိုက်ပုံထဲမှာ လူရွေးပွဲလုပ်ခဲ့ရတဲ့ ဘဝတွေ၊ ဝေဖန်မှု၊ဘာသာရေးနဲ့ လူမှုရေးအရ ကန့်သတ်ချက်ဖိအားတွေ နိုင်ငံရေးပတ်ဝန်းကျင်ရဲ့ မတည်ငြိမ်မှုတွေကြားမှာ သူတို့ရဲ့ "ဂုဏ်သိက္ခာ"ကို ရှာဖွေပုံတွေက ရင်ခုန်စရာပါပဲ ကဲ ဒီခရီးစဉ်ကို လိုက်ပါကြည့်ရှုလိုက်ပါဦး File Size – 800 MB(Appx;)@Episode Quality – 1080p WEB DL Total Episodes:8Eps Subtitle – Myanmar Hardsub Format – Mp4 Genre – Drama

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း