ဇာတ်ကားများ ရွေးရန်

HIS & HERS

2026ဇာတ်လမ်းတွဲအမှတ် 4.5/104K

Alice Feeney ရဲ့ နာမည်ကြီး Best Seller စာအုပ်ကို Netflix က Limited Series အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ "His & Hers" ဇာတ်လမ်းတွဲ ထွက်လာပါပြီ။ မင်းသားနဲ့ မင်းသမီးကလည်း Marvel Superhero သရုပ်ဆောင်တွေပါပဲ။ Psychological Thriller အမျိုးအစားဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်ကွက်တွေနဲ့ ပဟေဠိတွေ ပါပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်နှစ်ယောက်ကတော့ သတင်းကြေညာသူ Anna နဲ့ စုံထောက် Jack တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ကွဲကွာနေကြသူတွေပါ။ Anna က သတင်းလောကမှာ အောင်မြင်နေပေမယ့် တစ်ဖက်မှာတော့ လူတွေနဲ့မရောဘဲ သီးသန့်နေတတ်တဲ့သူ (Recluse) တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူတို့ရဲ့ ဇာတိမြို့လေးဖြစ်တဲ့ Blackdown မှာ အမျိုးသမီးတစ်ယောက် အသတ်ခံရတဲ့ သတင်းကို Anna က တင်ဆက်ဖို့ တာဝန်ကျလာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီအမှုကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ကျလာတဲ့ စုံထောက်ကတော့ သူမရဲ့ ခင်ပွန်းဟောင်း Jack ဖြစ်နေပါတယ်။ လူသတ်မှုကို စုံစမ်းရင်းနဲ့ Anna ရော Jack မှာပါ သူတို့ကိုယ်စီ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ၊ အတိတ်က အမှောင်ထုတွေ တဖြည်းဖြည်း ပေါ်လာပါတော့တယ်။ ဇာတ်လမ်းရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "ဇာတ်လမ်းတိုင်းမှာ ၃ ဖက်ရှိတယ်။ သူ့ဘက် (His)၊ သူမဘက် (Hers) နဲ့ အမှန်တရား (The Truth)" ဆိုတဲ့အတိုင်း ဘယ်သူ့ကို ယုံရမလဲဆိုတာ ဝေခွဲမရဖြစ်အောင် ရိုက်ပြထားပါတယ်။ ဇာတ်ကောင်နှစ်ယောက်လုံးက ကိုယ့်ဘက်က အမြင်ကို ပြောပြနေတာဖြစ်လို့ ဘယ်သူက အမှန်ပြောနေလဲ၊ ဘယ်သူက လိမ်နေလဲဆိုတာကို ပရိသတ်က လိုက်ပြီး စဉ်းစားရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ "Gone Girl" တို့ "The Girl on the Train" တို့လို Psychological Thriller ကားတွေကို ကြိုက်နှစ်သက်သူတွေ။ လူသတ်မှု လျှို့ဝှက်ချက် (Murder Mystery) တွေကို ဖြေရှင်းချင်သူတွေ။ Dark ဖြစ်ပြီး စိတ်ပညာဆန်ဆန် ဇာတ်ကားကောင်းတွေကို ရှာဖွေနေသူတွေအတွက် လက်မလွှတ်သင့်တဲ့ စီးရီးတစ်ခုပါ။ File size…(898 MB)/(392 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Subtitle….Myanmar Subtitle (Hardsub)

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း