Rainkissed Fate
ဒီတစ်ခါမှာတော့ Mini C drama ချစ်သူတို့အတွက် ရင်ခုန်စရာကောင်းပြီး အချစ်ချိုချိုတွေတစ်ဝကြီးစားရမဲ့ Mini Series လေးတစ်ခု တင်ဆက်ပေးမှာပါ။ ဒီကားမှာ Be Not Meant To Be, The Queen of Attack စတဲ့ Mini Series တွေရဲ့ငွေကြယ်ပွင့်လေးဖြစ်တဲ့ မင်းသားချောလေး Dai Gao Zheng က လက်ဝှေ့သမားလေးအဖြစ် သရုပ်ဆောင်ထားပြီး ချစ်စရာမင်းသမီးလေးဖြစ်တဲ့ Chen Fang Tong က တွဲဖက်ပါဝင်ထားပါတယ်။ ဒီကားက လက်ထပ်စာချုပ်နဲ့လက်ထပ်ယူတဲ့ပုံစံကို ဇာတ်အိမ်တည်ထားတာမို့ လုံးဝကိုအချစ်ချိုချိုလေးတွေပေးစွမ်းမဲ့ကားလေးပါ။ ဇာတ်လမ်းအညွှန်း >>> ချမ်းသာကြွယ်ဝတဲ့အမွေခံမလေး ပုယန်ဟာ ထောင်ချောက်ဆင်ခြင်းခံခဲ့ရပြီးနောက် လက်ဝှေ့သမားလေးဖြစ်တဲ့ ဟယ်ယွီချန်းနဲ့အတူ တစ်ညတာကုန်ဆုံးခဲ့ရကာ အဲကိစ္စပြီးနောက် ခြေရာလက်ရာမကျန်တဲ့အထိ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ခြောက်နှစ်အကြာမှာ ကလေးအမြွှာလေးတွေနဲ့အတူ ပြန်လည်ရောက်ရှိလာပြန်ပါတယ်။ အဲအချိန်မှာ ပွဲစဉ်ရလဒ် ကြိုတင်ညှိနှိုင်းမှုအရှုပ်တော်ပုံကြောင့် ဘဝပျက်ကာ စိတ်ဓာတ်ကျနေတဲ့ဟယ်ယွီချန်းကို သွားပြန်တွေ့ခဲ့ပါတော့တယ်။ တကယ်တော့ သူပြန်ရောက်လာတာဟာ သားဖြစ်သူအတွက် သွေးလိုအပ်နေလို့ပါ။ ဒါကြောင့် ဟယ်ယွီချန်းကို အသုံးချဖို့ဆုံးဖြတ်ခဲ့ပြီး သူတို့နှစ်ဦးဟာ အပေးအယူဖြင့် စာချုပ်အရ လက်ထပ်ခြင်းတစ်ခုကို စတင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲလိုအခြေအနေကနေ သူတို့ကြားမှာ မေတ္တာစစ်မေတ္တာမှန်တို့ စတင်ပေါက်ဖွားလာခဲ့ပြီး အတိတ်မှာကြုံတွေ့ခဲ့ရတဲ့ တစ်ညတာဖြစ်ရပ်အတွက် အမှန်တရားကိုဖော်ထုတ်ဖို့ဆုံးဖြတ်ခဲ့ကြတော့တယ်။ ဒီကားလေးက mini series ဆိုပေမဲ့ ဇာတ်အိမ်က စိတ်ဝင်စားစရာကောင်းတဲ့အပြင် ကြည့်နေရင်း စိတ်ထဲကလိကလိနဲ့အူယားအောင် ဖြစ်စေမှာမို့ အရိုအချိုကြား ရင်ခုန်ချင်ရင်တော့ ကြည့်ကိုကြည့်သင့်ပါတယ်ဗျို့...! Quality : WEB-DL 1080p Total Episodes : 30 Format : mp4 Genres : Romance, Drama Runtime : 45 min
အပိုင်းများ
30 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း