ဇာတ်ကားများ ရွေးရန်

Mrs. Deshpande

2025ဇာတ်လမ်းတွဲ

Mrs.Deshpande (2026) IMDb (6.2) ၂၀၂၆ ခုနှစ်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအိန္ဒိယ Crime Thriller စီးရီးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်ခန့်က အိန္ဒိယနိုင်ငံကို တုန်လှုပ်ချောက်ချားသွားစေခဲ့တဲ့ရက်စက်ကြမ်းကြုတ်သော လူသတ်မှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီလူသတ်သမားက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမက လူ(၈)ယောက်ကိုသတ်မှုနဲ့ ထောင်တစ်သက် တစ်ကျွန်းကျခံနေရတာပါ။ဒါပေမဲ့ အခုမြို့ထဲမှာထူးဆန်းတဲ့လူသတ်မှုများပေါ်ပေါက်လာပြီးတော့ အဲဒီလူသတ်မှုက မစ္စ ‌ဒက်ရှ်ပန်ဒေးရဲ့ လက်ချက်‌အတိုင်း တထပ်တည်းဖြစ်နေတော့ ရဲတပ်ဖွဲ့လည်း ဇဝေဇဝါ ဖြစ်ပါတော့တယ်။ အဲဒီလူသတ်သမားကို ဖမ်းဆီးဖို့အတွက် ရဲတပ်ဖွဲ့ကမတတ်သာတဲ့အဆုံးမှာတော့ ထောင်ထဲက မစ္စဒက်ရှ်ပန်ဒေးကို အကူအညီတောင်းရပါတော့တယ်။ သူမကိုအတုခိုးပြီး လူသတ်မှုတွေကျူးလွန်သူကိုဖမ်းမိမလား နောက်ထပ်သား ကောင်တွေကဘယ်သူတွေဖြစ်မလဲ။ လူသတ်သမား ကဘယ်သူလဲ ဘာကြောင့်လူတွေသတ်နေရတာလဲဆိုတာကို စုံထောက်ဇာတ်လမ်းကောင်းတို့ရဲ့ထုံးစံ အတိုင်း ဇာတ်လမ်းအနိမ့်အမြင့် အတက်အကျ မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ ရင်တဖိုဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size – 900 MB(Appx;)@Episode Quality – 1080p WEB DL Total Episodes:6Eps Subtitle – Myanmar Hardsub Format – Mp4 Genre – Crime

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း