ဇာတ်ကားများ ရွေးရန်

Love Between Lines

2026ဇာတ်လမ်းတွဲ

ဒီတစ်ခါတင်ဆက်ပေးသွားမဲ့ စီးရီးလေးကတော့ လက်တွေ့ကမ္ဘာနဲ့ Game ကမ္ဘာကြားက ချစ်ခြင်းမေတ္တာကို ဆန်းကြယ်ရင်ခုန်စွာဖော်ကျူးထားပေးတဲ့စီးရီးလေးပါ။ ဒီကားမှာ တရုတ်ခေတ်ဟောင်း (Republic of China) နောက်ခံနဲ့ လက်ရှိဘဝကို ရောယှက်တင်ပြထားတာမို့ အတော်လေးလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီစီးရီးကို Zu Le ရဲ့နာမည်ကျော် Web novel ဖြစ်တဲ့ Ya Xi ကနေ ကျောရိုးယူမှီငြမ်းရိုက်ကူးထားတာပါ။ MC တွေကတော့ Love on the Turquoise Land မှာ Reba နဲ့အတူ လျှို့ဝှက်ဆန်းကြယ်မှုတွေကိုရှာဖွေခဲ့တဲ့ Chen Xing Xu နဲ့ Love in the Clouds မှာ ပလီပလာဉာဏ်များခဲ့သူလေး Lu Yu Xiao တို့က ကမ်ဆွီမိမိသရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ရှောင်ကျစ်ယွီနဲ့ဟူရှို့တို့ဟာ လူသတ်မှုဖော်ထုတ်တဲ့ဂိမ်းတစ်ခုမှာ ပထမဆုံးစတင်ဆုံတွေ့ခဲ့ကြပါတယ်။ ဂိမ်းထဲမှာ သူတို့နှစ်ဦးဟာ တရုတ်သမ္မတနိုင်ငံခေတ်ဦးနောက်ခံဇာတ်အိမ်တွေဖန်တီးပြီး ကိုယ်ပိုင်အမည်အရင်းတွေကို ဖျောက်ဖျက်ထားကြကာ လုပ်ကြံဇာတ်လမ်းတွေအတိုင်းသရုပ်ဆောင်ရင်း တစ်ယောက်နဲ့တစ်ယောက် ဘဝအစစ်အမှန်အကြောင်းစပ်စုချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ကြပါတယ်။ ကံကြမ္မာရဲ့ဖန်တီးမှုကြောင့်ပဲဆိုရလေမလား၊ သူတို့နှစ်ဦးဟာ ပြင်ပကမ္ဘာမှာလည်း တကယ်ဆုံတွေ့ခဲ့ကြပြန်ပါတယ်။ အဲဒီအချိန်ကစပြီး သူတို့ရဲ့ဇာတ်လမ်းဟာ ဇာတ်အိမ်နှစ်ခုအဖြစ် ခွဲထွက်သွားပါတော့တယ်။ တစ်ခုက ဂိမ်းထဲက လုပ်ကြံဖန်တီးထားတဲ့ဇာတ်လမ်းဖြစ်ပြီး နောက်တစ်ခုကတော့ သူတို့ရဲ့ပြင်ပဘဝက တကယ့်ဆုံတွေ့မှုတွေပါပဲ။ ဒီလိုစိတ်ကူးယဉ်ကမ္ဘာနဲ့လက်ရှိဘဝတွေ ရောထွေးနေတဲ့ကြားမှာ တစ်ဦးအပေါ်တစ်ဦး စစ်မှန်တဲ့ခံစားချက်တွေရှိနေမှန်း နားလည်သဘောပေါက်လာကြပါတယ်။ ကဲ ဒါဆိုရင် တစ်ယောက်အ‌ကြောင်း တစ်ယောက်ရှာဖွေတွေ့ရှိသွားပြီး ပျော်ရွှင်စရာကောင်းတဲ့အဆုံးသတ်လေးကို နှစ်ဦးသား ပိုင်ဆိုင်နိုင်ကြမှာလားဆိုတာကိုတော့ အတူစီးမျောခံစားကြည့်ရှုလိုက်ကြပါဦးနော်...။ Quality : WEB-DL 1080p, 720p  Total Episodes : 28 Format : mp4 Genres : Romance, Drama Runtime : 45 min

အပိုင်းများ

28 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 28 အပိုင်း

ဇာတ်လမ်းအကြောင်း