Loving Strangers
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Life Drama အမျိုးအစားဖြစ်တဲ့ Loving Strangers ဆိုတဲ့စီးရီးလေးပါ။ ဒီဇာတ်လမ်းက ဘဝရဲ့အနိမ့်ဆုံးအခြေအနေကိုရောက်နေတဲ့လူနှစ်ယောက် အပြန်အလှန်အားပေးကူညီရင်း အလင်းရောင်ရှာဖွေကြပုံကိုရိုက်ပြထားတာပါ။ ဒီကားဟာ ဝါရင့်မင်းသားကြီး Mark Chao နဲ့ မင်းသမီး Zhang Zi Feng တို့ရဲ့သုံးနှစ်ကြာမှပြန်ကမ်းဘတ်လာတဲ့စီးရီးတစ်ခုပါ။ ဇာတ်လမ်းသွားက Life Drama ကိုမှ Psychology ရှုထောင့်တွေကိုပါထည့်သွင်းရိုက်ကူးထားတာမို့ ကြည့်ရတာက နည်းနည်းလျှို့ဝှက်နက်နဲသလိုတော့ဖြစ်နေမှာပါ။ ဇာတ်လမ်းအညွှန်း >>> အသက် ၄၀ အရွယ် ကျန်ကျားချီဟာ အိမ်ထောင်ရေးမှာ ဇနီးဖြစ်သူရဲ့ဖောက်ပြန်မှုကို ခံစားနေရသလို၊ အလုပ်ခွင်မှာလည်း တမင်သက်သက်ဖိနှိပ်စော်ကားမှုတွေနဲ့ ရင်ဆိုင်နေရသူပါ။ ဒါ့အပြင် သူ့လက်အောက်ငယ်သားဖြစ်သူ လျန်ကျစ်အန်းနဲ့အတူ လာဘ်ပေးလာဘ်ယူမှုတစ်ခုမှာလည်း မတရားပါဝင်ပတ်သက်မိသွားပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ လျန်းကျစ်အန်းကလည်း မိဘမဲ့ဘဝနဲ့ ဖခင်ဖြစ်သူရဲ့အကြွေးတွေကိုဆပ်နေရပြီး နာမကျန်းတဲ့အဘွားအိုကိုပြုစုရင်း အမှောင်ကမ္ဘာထဲမှာပိတ်မိနေတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ဆုံတွေ့မိတဲ့အခါ တစ်ယောက်ရဲ့နွေးထွေးမှုက တစ်ယောက်ရဲ့ဘဝဒဏ်ရာတွေကို ပြန်လည်ကုစားပေးခဲ့ပါတယ်။ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ဘဝကို အသစ်ကပြန်စနေတဲ့ဦးလေးဖြစ်သူ၊ ကျရှုံးမှုကို လက်ခံနိုင်သွားတဲ့ညီဖြစ်သူနဲ့ သစ္စာရှိတဲ့သူငယ်ချင်းတွေရဲ့ အကူအညီတွေကလည်း ကျန်ကျားချီအတွက် စိတ်ဓာတ်ခွန်အားတွေ ဖြစ်လာပါတယ်။ အဆုံးမှာတော့ အကျိုးမျှော်ကိုးခြင်းမရှိတဲ့ ဒီလိုစစ်မှန်တဲ့ဆက်ဆံရေးတွေကပဲ ခက်ခဲကြမ်းတမ်းတဲ့ လူမှုပတ်ဝန်းကျင်ကြောင့် လျန်ကျစ်အန်းရဲ့ အေးစက်နေတဲ့နှလုံးသားကို နွေးထွေးသွားစေပြီး သူတို့နှစ်ယောက်လုံး ဘဝကို အကောင်းဆုံး ပြန်လည်ရှင်သန်နိုင်ခဲ့ကြပါတယ်။ Life Drama အမျိုးအစားဖြစ်တဲ့အပြင် ဘဝမှာရှင်သန်နေရင်း မွန်းကျပ်ရတာတွေ၊ ခက်ခဲတာတွေ၊ မတရားဖိနှိပ်ခံရတာတွေကိုပါ မီးမောင်းထိုးပြထားမှုတွေကြောင့် ကြည့်ရှုသူကပါ ကြည့်ရင်းမွန်းကျပ်လာ၊ ဝမ်းနည်းလာတဲ့အထိဖြစ်စေမဲ့ Heavy Life Drama ကောင်းမို့ C drama fan တို့ကြည့်ကိုကြည့်သင့်တဲ့စီးရီးတစ်ခုပါပဲနော်! Quality : WEB-DL 1080p, 720p Total Episodes : 28 Format : mp4 Genres : Drama Runtime : 45 min
အပိုင်းများ
28 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း