ဇာတ်ကားများ ရွေးရန်

DARK MOON: THE BLOOD ALTAR

2026ဇာတ်လမ်းတွဲအမှတ် 10.0/10

Dark Moon: The Blood Altar (2026) နာမည်ကျော် K-pop အဖွဲ့တွေကို မွေးထုတ်ပေးထားတဲ့ HYBE Entertainment ကနေ Webtoon အဖြစ် ထွက်ရှိထားတဲ့ တောင်ကိုရီးယား Manhwa ကို TROYCA ဆိုတဲ့ ဂျပန် Animation စတူဒီယိုကနေ Anime အဖြစ်နဲ့ ရုပ်လုံးကြွလာအောင် ဖန်တီးတင်ဆက်ပေးထားတဲ့ စီးရီးအသစ်တစ်ခု ဖြစ်ပါတယ်။ ဒီထဲမှာပါတဲ့ ဇာတ်ကောင် ယောက်ျားလေး ၇ ယောက်ကလည်း Enhypen ဆိုတဲ့ K-pop အဖွဲ့သားတွေကို အခြေခံထားပြီး တကယ့်ဇာတ်လမ်းကို သူတို့ရဲ့ Drunk-Dazed MV ထဲမှာ စတင်ခဲ့တယ်လို့ ဆိုကြပါတယ်ရှင့်။ နာမည်ကြီး F4 စီးရီးတောင်မှ ယောက်ျားလေး ၄ ယောက်နဲ့ မိန်းကလေး ၁ ယောက်နော်။ အဲဒါကို ဒီထဲမှာတော့ မိန်းကလေးတစ်ယောက်ကို အဆင်အလန်းစား ကောင်လေး ၇ ယောက်က ကာကွယ်ပေးမယ့်ဇာတ်လမ်းမျိုးအပြင် Vampire တို့ Werewolf တို့လို သဘာဝလွန်ဇာတ်ကြောင်းတွေပါနေတော့ ပိုလို့တောင် ကြည့်ရမှာ ရင်ခုန်မိပါသေးတယ်။ ဇာတ်လမ်းလေးကတော့ သူမတူအစွမ်းတွေရှိတဲ့အတွက် သွေးစုပ်ဖုတ်ကောင်တွေနဲ့ မှားယွင်းစွပ်စွဲခံနေရလို့ Vampire တွေကို မုန်းတီးနေတဲ့ ဆူဟာဆိုတဲ့ကောင်မလေးက သာမန်လူသားတွေချည်းပဲ ရှိပါတယ်ဆိုတဲ့ Decelis ကျောင်းကို လာပြီးတက်ရောက်ပါတော့တယ်။ အဲဒီမှာတင် သူ့လိုမျိုးပဲ သူမတူအစွမ်းတွေကိုယ်စီရှိကြတဲ့ ၇ ယောက် ယောက်ျားလေးသူငယ်ချင်းအုပ်စုနဲ့ ခင်မင်သွားပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်နော်...။

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း