ဇာတ်ကားများ ရွေးရန်

The Dream Maker

2026ဇာတ်လမ်းတွဲ

သာ့ကျားဟောင်...!👀 အခုတစ်ခေါက်အလှည့်ကျလာတဲ့စီးရီးလေးကတော့ ၁၉၈၀ ပြည့်နှစ်ကိုအခြေတည်ထားပြီး တရုတ်နိုင်ငံရဲ့စီးပွားရေးပြန်လည်ဖွဲ့စည်းပုံကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ The City Maker ဆိုတဲ့စီးရီးလေးပါ။ ဒီစီးရီးက တံခါးဖွင့်ဝါဒအစောပိုင်းကာလမှာ လယ်သမားထောင်ပေါင်းများစွာရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့ မြို့သစ်တည်ဆောက်မှုသမိုင်းမှတ်တိုင်တစ်ခုအကြောင်းကို ဖော်ညွှန်းရိုက်ကူးထားပါတယ်။ ဒီကားမှာ What a wonderful world ရဲ့ MC Zhao Li Ying နဲ့ Abyss Dweller မှာ အတိတ်မေ့ပြီး သူ့လူကိုယ့်ဘက်သားအဖြစ်ပိုင်နိုင်စွာသရုပ်ဆောင်ခဲ့တဲ့ဝါရင့်မင်းသားကြီး Huang Xiao Ming တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ စီးပွားရေးအတက်အကျကြားက လူ့သဘော၊ လူ့မနောတွေကို မီးမောင်းထိုးပြထားတာမို့ ကြည့်ရှုသူကို ဖြည်းဖြည်းချင်းဆွဲခေါ်သွားနိုင်မှာ အသေချာပါပဲ! ဇာတ်လမ်းအညွှန်း >>> ၁၉၈၀ ပြည့်နှစ်အစောပိုင်းကာလမှာ ဖျင်ချွမ်းစီရင်စုဟာ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်ဖို့အတွက် "ယွဲ့ဟိုင်မြို့သစ်" ကို တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထူးချွန်တဲ့စွမ်းဆောင်ရည်နဲ့ကိုယ်ရည်ကိုယ်သွေးရှိတဲ့ လီချိုးဖျင်နဲ့ ကျန်းသယ့်ချန်းတို့ ကေဒါနှစ်ဦးဟာ "ပြည်သူ့မြို့တော်ကို ပြည်သူကိုယ်တိုင် တည်ဆောက်သည်" ဟူသောမူဝါဒကို ကိုင်စွဲခဲ့ကြသူ‌တွေပါ။ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒရဲ့အကူအညီ၊ ဗဟိုအစိုးရရဲ့အမှတ် (၁) စာချွန်လွှာတို့နဲ့အတူ ပြုပြင်ပြောင်းလဲရေးလမ်းစကို သူတို့ ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ အဲကနေ ရွှံ့နွံတောတွေပေါ်မှာ ခေတ်မီမြို့တော်တစ်ခုကို တည်ဆောက်နိုင်ဖို့ သူတို့ဟာ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတစ်ပြားတစ်ချပ်ကိုမှအသုံးမပြုဘဲ "ရန်ပုံငွေရှာဖွေခြင်းနှင့် အကျိုးတူပူးပေါင်းခြင်း" အစီအစဉ်ကနေ လယ်သမားထောင်ပေါင်းများစွာကို ဦးဆောင်စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါဟာ ဘာမှမရှိရာကနေ မြို့တစ်မြို့ကို တည်ဆောက်နိုင်ခဲ့တဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်သလို တရုတ်နိုင်ငံရဲ့မြို့ပြတည်ဆောက်မှုသမိုင်းမှာလည်း ထူးခြားလွန်းတဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လယ်သမားတို့ရဲ့ကံကြမ္မာကလဲ ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုနဲ့ လီချိုးဖျင်၊ ကျန်းသယ့်ချန်း၊ ကျဲချွင်လိုင်၊ ကောင်းရွှယ်မိန်နဲ့ အခြားသူတွေဟာ ရဲရဲဝံ့ဝံ့တွေးခေါ်ခြင်း၊ လက်တွေ့အကောင်အထည်ဖော်ခြင်း၊ ရှေ့ဆောင်လမ်းပြဖြစ်ရန်ကြိုးပမ်းခြင်းတို့နဲ့အတူ တောက်ပလှတဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာ ခမ်းနားထည်ဝါတဲ့သမိုင်းစာမျက်နှာသစ်တစ်ခုကိုအတူတကွရေးထိုးမှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။ ဒီလိုဖြစ်ဖို့ရာကလည်း မလွယ်ကူတဲ့ခရီးလမ်းမို့ ခယောင်းတောခရီးလမ်းတစ်လျှောက် သူတို့တွေရင်ဆိုင်ကျော်ဖြတ်ခဲ့ရပုံ၊ ခက်ခဲခဲ့ပုံ၊ ပြဿနာတွေကို ထိပ်တိုက်ဖြေရှင်းခဲ့ပုံတွေအပြင် ၁၉၈၀ ပြည့်နှစ်က တရုတ်ပြည်ရဲ့လူနေမှုအဆင့်အတန်းတွေကိုပါ ‌အသေးစိတ်ကျကျရိုက်ကူးထားတာမို့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်၊ ဘဝအရသာပြည့်ပြည့်လိုမျိုး C drama ကိုရှာနေရင်တော့ ဒီစီးရီးက ပရိသတ်တို့အတွက်ပါပဲနော်...! Quality : WEB-DL 1080p, 720p  Total Episodes : 40 Format : mp4 Genres : Drama Runtime : 45 min

အပိုင်းများ

40 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 40 အပိုင်း

ဇာတ်လမ်းအကြောင်း