Time Slip Dr. Jin
Time Slip Dr. Jin (2012) အပိုင်း (၁ မှ ၂၂) စ/ဆုံး ဒီတစ်ခါမှာတော့ နာမည်ကြီး ဂျပန်ဒရမ်မာ"JIN"ကို ကိုရီးယားဗားရှင်းအနေနဲ့ ပြန်လည်ရိုက်ကူးထားပြီး မျက်မှောက်ခေတ်ကနေ ဂျိုဆွန်းခေတ်ကို Time Travel ဖြစ်သွားမဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ Cast တွေ အဖြစ် အားလုံးအချစ်တော် ဂျွန်စောလို့ လူသိများတဲ့ မင်းသား Song Seung Heon နဲ့ Marry My Husband ထဲက မင်းသမီးချော Park Min Young တို့နဲ့ အတူ TVXQ အဖွဲ့ဝင် မင်းသား Kim Jae Joong တို့က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ .. ဂျင်ဟျော့(Song Seung Heon)ဟာ ထူးချွန်ထက်မြက်တဲ့ အာရုံကြောခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်ပေမဲ့ အရာရာကို ပြီးပြည့်စုံချင်လွန်းတဲ့စိတ်ကြောင့် လူနာတွေအပေါ် အေးစက်ပြီး စာနာမှုကင်းမဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ တစ်နေ့မှာ သူနဲ့စကားများပြီးထွက်သွားတဲ့ ချစ်သူကောင်မလေး ယူမီနာ(Park Min Young)ဟာ ကားအက်စီးဒင့်ဖြစ်ပြီး ကိုမာအခြေအနေဖြစ်သွားခဲ့ပါတယ်။ နောင်တတွေနဲ့အတူ ဝမ်းနည်းပူဆွေးနေတုန်းမှာပဲ ထူးဆန်းတဲ့စွမ်းအားတစ်ခုကြောင့် ဂျင်ဟျော့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ ကျော်က ဂျိုဆွန်းခေတ်ဆီကို ရောက်ရှိသွားပြီး သူ့ကောင်မလေးနဲ့ ရုပ်ချင်းတစ်ပုံစံတည်းတူတဲ့ မိန်းကလေးယောင်းရယ်နဲ့ ဆုံတွေ့တဲ့အခါမှာတော့... ဆေးပညာ မထွန်းကားသေးတဲ့ဂျိုဆွန်းခေတ်မှာ ဂျင်ဟျော့တစ်ယောက် လူနာတွေကို ကယ်တင်ပေးရင်း စာနာတတ်တဲ့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်လာမလား .. လက်ရှိခေတ်ကိုရော ပြန်လည်ရောက်ရှိလာနိုင်ပါ့မလားဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် .. Episodes: 22 Aired: May 26, 2012 - Aug 12, 2012 Aired On: Saturday, Sunday Original Network: MBC Genres: Historical, Romance, Medical, Fantasy, Drama
အပိုင်းများ
22 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း