ဇာတ်ကားများ ရွေးရန်

The Scholar Who Walks the Night

2015ဇာတ်လမ်းတွဲအမှတ် 8.6/10

The Scholar Who Walks the Night (2015) အပိုင်း (1 မှ 20) စ/ဆုံး မင်းသား Lee Joon Gi၊ Lee Soo Hyuk၊ Chang Min၊ မင်းသမီး Lee Yoo Bi နဲ့ Kim So Eun တို့ အဓိကပါဝင်ထားတဲ့ "Scholar Who Walks the Night" ဇာတ်လမ်းကို တင်ဆက်ပေးပါရစေ။ ဂျိုဆွန်းခေတ်မှာ ဘုရင်တွေကို မြေအောက်နန်းဆောင်ကနေ ခြိမ်းခြောက်ကြိုးကိုင်ပြီး တိုင်းပြည်ကို အုပ်စိုးနေတဲ့ "ဂွီ" ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်တစ်ကောင် ရှိပါတယ်။ ဘုရင်အဖြစ် နန်းတက်ခါနီး အိမ်ရှေ့စံဂျောင်ဟွန်းဟာ ဂွီရဲ့လက်အောက်မှာ မနေလိုတဲ့အတွက် တော်လှန်ဖို့ ကြိုးစားခဲ့ပေမယ့် ဂွီရဲ့လက်ချက်နဲ့ပဲ မတရား သေဆုံးခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်မှာပဲ ချစ်ရတဲ့သူတွေကို ဆုံးရှုံးလိုက်ရတဲ့ အိမ်ရှေ့စံရဲ့ သူငယ်ချင်းဖြစ်သူ ပညာရှိဂင်ဆောင်းယောဟာ ဂွီကို ပြန်လည်တိုက်ခိုက်နိုင်ဖို့အတွက် သူကိုယ်တိုင် သွေးစုပ်ဖုတ်ကောင်အဖြစ် အသွင်ပြောင်းလဲခဲ့ပါတော့တယ်။ နှစ်ပေါင်း ၁၂၀ ကြာပြီးနောက်မှာတော့ ဂင်ဆောင်းယောဟာ ဂွီကို နှိမ်နင်းနိုင်မယ့် လျှို့ဝှက်နည်းလမ်းတွေ ရေးသားထားတဲ့ မှတ်တမ်းကို လိုက်လံရှာဖွေရင်း စာအုပ်ကုန်သည် ဂျိုယန်းဆွန်းနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဂင်ဆောင်းယောတစ်ယောက် ယောက်ျားလေးလို ဝတ်ဆင်ထားတဲ့ ဂျိုယန်းဆွန်းရဲ့ အကူအညီနဲ့ ဂွီကို ဘယ်လိုမျိုး အနိုင်ယူသွားမလဲဆိုတာကို ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်သလို သွေးစုပ်ဖုတ်ကောင်ဝတ်စုံနဲ့ အရမ်းလိုက်ဖက်ပြီး ဆွဲဆောင်မှုရှိတဲ့ Lee Soo Hyuk ကိုလည်း ရှုစားရမှာဖြစ်တာကြောင့် လက်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ Aired: Jul 8, 2015 - Sep 10, 2015 Aired On: Wednesday, Thursday Genres: Mystery, Romance, Life, Melodrama Episodes: 20 Original Network: MBC

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း