ဇာတ်ကားများ ရွေးရန်

Dear Secretary

2025ဇာတ်လမ်းတွဲ

C drama fan တို့အတွက် ဒီတစ်ခါယူဆောင်လာပေးတာလေးကတော့ ရုံးတွင်းအချစ်ဇာတ်လမ်းစီးရီးလေးပါ။ CEO Lover တွေကတော့ ဒီစီးရီးလေးကို သဘောကျမှာကျိန်းသေပါပဲ။ Mini Series ဆိုပေမဲ့ ဇာတ်လမ်းသဘောရော၊ သရုပ်ဆောင်ချက်တွေကပါ အတော်လေးအဆင်ပြေပါတယ်။ ဒီကားမှာ Mini Series Star တစ်ယောက်ဖြစ်တဲ့ Kepler နဲ့ ချစ်စရာမင်းသမီးလေး Xu Zi Xuan တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> အတွင်းရေးမှူးအဖြစ် သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးနောက်လင်ဟန်က အလုပ်ထွက်ပြီး ဘဝသစ်တစ်ခုစတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တည်ငြိမ်ရင့်ကျက်ပြီး သူ့ရဲ့အထက်လူကြီးဖြစ်တဲ့ CEO မမ ချင်းမိန်လီက သူမထွက်သွားအောင်အစွမ်းကုန်ကြိုးစားတားဆီးပေမဲ့ လင်ဟန်ကတော့ ရှေ့ဆက်ဖို့သာ ယတိပြတ်ဆုံးဖြတ်ချက်ချထားပါတယ်။ အဲလိုနဲ့ သူတို့နှစ်ဦးသား ကိုယ့်လမ်းကိုယ်လျှောက်ဖို့ဆုံးဖြတ်လိုက်ချိန်မှာပဲ တစ်ဦးအတွက်တစ်ဦး ဘယ်လောက်တောင်အရေးပါနေလဲဆိုတာကို နှစ်ယောက်လုံးသိရှိသွားကြပါတော့တယ်။ ဒီစီးရီးထဲမှာ ရုံးတွင်းအချစ်ဇာတ်လမ်းကိုမှ CEO ဘီးကျဲမဟုတ်ဘဲ CEO မမနဲ့ အတွင်းရေးမှူးလေးတို့ကြားက ကလိကလိအချစ်ကို တစ်ဝကြီးခံစားရမှာမို့ ကလိကလိရိုမန့်စ်ကြိုက်ရင် ဒီစီးရီးလေးကို မဖြစ်မနေကြည့်ရှုသင့်ပါတယ် ပရိသတ်ရေ...! Quality : WEB-DL 1080p Total Episodes : 24 Format : mp4 Genres : Drama Runtime : 15 min

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း