ဇာတ်ကားများ ရွေးရန်

Pharma

2025ဇာတ်လမ်းတွဲအမှတ် 4.7/10

Pharma (2025) ဆေး ဆေးဝါးလုပ်ငန်းလောကရဲ့ နောက်ကွယ်က အမှောင်ဖက်ခြမ်းတွေကို ပွင့်ပွင့်လင်းလင်း တင်ဆက်ထားတဲ့ မာလေယာလမ်စကားပြော ဆေးဘက် သည်းထိတ်ရင်ရင်ဖိုဇာတ်လမ်း တွဲတစ်ခုကို တင်ဆက်ပေးပါရစေ။ ဒီ ဇာတ်လမ်းတွဲဟာ နာမည်ကြီးမာလေယာလမ်မင်းသား နီဗင်ပေါ်လီရဲ့ ပထမဆုံးဝက်ဘ်စီးရီး ဖြစ်ပြီး ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ ဇာတ်လမ်းကတော့ ကေပီဗီနို့ဒ်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ ဆေးဝါးအရောင်းကိုယ်စားလှယ် အဖြစ်နဲ့ ဆေးလောကထဲကို ခြေစုံပစ်ဝင်လာပုံကနေ စတင်ထားပါတယ်။ အစပိုင်းမှာတော့ သူဟာ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေ ပြည့်မီဖို့နဲ့ မိသားစုအတွက် ကြိုးစားရုန်းကန် ရင်း အောင်မြင်တဲ့ အရောင်းဝန်ထမ်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းပြီးတဲ့နောက်မှာတော့ သူရောင်းချနေတဲ့ ဆေးဝါးတွေဟာ လူနာတွေအပေါ် ဘေးထွက်ဆိုးကျိုးတွေ အကြီးအကျယ် ဖြစ်စေတာကို သိလိုက်ရတဲ့အခါမှာတော့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ဆက်လုပ်မလား၊ ဒါမှမဟုတ် လူ့အသက်တွေကို ကယ်တင်ဖို့ အတွက် အင်အားကြီးမားတဲ့ ဆေးဝါးကော်ပိုရေးရှင်းကြီးတွေရဲ့ မကောင်းမှုတွေကို ဖော်ထုတ်မလား ဆိုတဲ့ ကျင့်ဝတ်ဆိုင်ရာဝိရောဓိတွေကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ File Size –700MB(Appx;)@Episode Quality – 1080p WEB DL Total Episodes:8Eps Subtitle – Myanmar Hardsub Format – Mp4 Genre –Drama

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း