Affinity
ပုံမှန် ချစ်ကြိုက်ညားကွဲဇာတ်လမ်းကိုကြည့်ရတာ ရိုးအီနေကြပြီလား? ဒါဆို အခုညွှန်းပေးမဲ့ Sci-Fi Romance Mini Series လေးကိုတော့ ပရိသတ်တို့ အကြိုက်တွေ့မှာ အသေအချာပါပဲ။ ဒီဇာတ်လမ်းက ၂၀၅၁ ခုနှစ်ရဲ့အနာဂတ်သိပ္ပံအမြင်နဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအချစ်ဇာတ်လမ်းကိုပေါင်းစပ်ထားတဲ့ ဇာတ်လမ်းသွားခပ်ဆန်းခန်းလေးတစ်ခုပါ။ မျိုးဗီဇအင်ဂျင်နီယာပညာရပ်နဲ့ လူသားတို့ရဲ့စိတ်ခံစားမှုကြားက နက်နဲတဲ့ဆက်နွှယ်မှုကို အခြေတည်ရိုက်ကူးထားပြီး Queen Of Darkness မှာ MC အဖြစ်ပါဝင်ခဲ့တဲ့ Mini Series Star လေး Fang Jin နဲ့ ငွေကြယ်ပွင့်မင်းသားချောလေး Cui Yu Xin တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ၂၀၅၁ ခုနှစ်မှာ အာကာသစူးစမ်းလေ့လာရေးစက်ရုပ်တစ်ရုပ်ဟာ Star Y လို့ခေါ်တဲ့ ကမ္ဘာနဲ့တူတဲ့ဂြိုဟ်တစ်ခုရဲ့သမိုင်းကြောင်းတွေပါဝင်တဲ့ နက်နဲဆန်းကြယ်တဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီပစ္စည်းထဲမှာ နူးညံ့သိမ်မွေ့တဲ့မိန်းမငယ်လေး ဝူနုံယွီနဲ့ လူမှုပတ်ဝန်းကျင်ကနေ ခပ်ဝေးဝေးနေတတ်တဲ့ ရှဲ့ရှင်းရွှီတို့ကြားက ထူးခြားဆန်းပြားတဲ့သံယောဇဉ်အကြောင်း ပါရှိနေပါတယ်။ သူတို့နှစ်ဦးကို ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုက ဆုံစည်းပေးခဲ့ပြီး ၅ နှစ်အကြာမှာတော့ မျိုးဗီဇအင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့လွန်တက်နေတဲ့ဝူနုံယွီဟာ ရှဲ့ရှင်းရွှီနဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ရှဲ့ရှင်းရွှီဟာ ထက်မြက်သလောက် စိတ်ခံစားမှုကိုဦးစားမပေးဘဲ အေးစက်စက်အရိပ်အငွေ့နောက်ကွယ်မှာ နက်နဲတဲ့လျှို့ဝှက်ချက်တစ်ခုကိုဖုံးကွယ်ထားသူပါ။ ဒါပေမဲ့ ကံကြမ္မာနဲ့သိပ္ပံတရားက သူတို့ကိုဆွဲငင်လိုက်တဲ့အခါ သူတို့ရဲ့ပတ်သက်မှုဟာ ဖြစ်နိုင်ခြေရှိတဲ့ယုတ္တိဗေဒတွေကိုကျော်လွန်သွားပြီး စွဲလမ်းမှု၊ နောင်တနဲ့အချစ်တို့ကြားက စည်းခြားထားမှုတွေကို ဝေဝါးသွားစေပါတယ်။ သူတို့နှစ်ဦးကြားက နားလည်ရခက်တဲ့ငြိတွယ်ဆွဲငင်မှု တွေနဲ့ မျိုးဗီဇဆိုင်ရာလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရင်း သိပ္ပံပညာလွှမ်းမိုးထားတဲ့လောကကြီးထဲမှာ လူသားဆန်မှုနဲ့အချစ်ရဲ့စစ်မှန်တဲ့အဓိပ္ပာယ်ကို ဘယ်လိုမျိုးရှာဖွေတွေ့ရှိသွားမလဲဆိုတာကိုတော့ ပိတ်ကားပေါ်မှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ Quality : WEB-DL 1080p Total Episodes : 40 Format : mp4 Genres : Drama Runtime : 20 min
အပိုင်းများ
40 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း