ဇာတ်ကားများ ရွေးရန်

Eternal Love of the Fox

2026ဇာတ်လမ်းတွဲ

C drama fan တို့ကို ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ရှန်းရှအချစ်ကားလေးတစ်ခုပါ။ ရှန်းရှဆိုပေမဲ့ နတ်ကားမဟုတ်ဘဲ လူသားနဲ့မိစ္ဆာကြားက ချစ်ခြင်းမေတ္တာကိုပုံဖော်ရိုက်ကူးထားတဲ့ဇာတ်အိမ်မျိုး ဖြစ်ပါတယ်။ ဒီကားမှာ MC တွေအဖြစ် Zhong Yue Nan နဲ့ Sun Chen Jun တို့က အဓိကပါဝင်ထားပြီး Zhang Jiong Min၊ Wang Xing Wei၊ Wang Jia Li တို့လည်း ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> လူအများ ကြည်ညိုလေးစားကြတဲ့ စီရင်စုအမတ်မင်း ဟော့ကျုံးရန်ဟာ နန်းတော်ကို သွားရောက်ဂါရဝပြုပြီးနောက် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် ထက်မြက်ပြီးအရည်အချင်းရှိလှတဲ့ သမီးဖြစ်သူ ဟော့ရှန်းကျိုက ဖခင်ဖြစ်သူကိုရှာဖွေဖို့ အောက်ခြေသိမ်းအစေခံတစ်ဦးအဖြစ်ဟန်ဆောင်ကာ နန်းတော်ထဲဝင်ရောက်ခဲ့ပါတယ်။ အဲလိုရှာဖွေစုံစမ်းရင်း တန်ခိုးအာဏာကြီးမားတဲ့ မြေခွေးမိစ္ဆာ ဖုန်းမော့ချန်နဲ့ ဆုံတွေ့ခဲ့ပါတော့တယ်။ သူတို့နှစ်ဦး အတူတကွပူးပေါင်းပြီး နက်နဲလှတဲ့လျှို့ဝှက်ချက်ပဟေဠိတွေကို ဖော်ထုတ်ရင်း တဖြည်းဖြည်းနဲ့ တစ်ဦးပေါ်တစ်ဦး နက်နက်ရှိုင်းရှိုင်းသံယောဇဉ်တွယ်ကာ ချစ်ကျွမ်းဝင်သွားကြပါတယ်။ မိစ္ဆာနဲ့လူသားတို့ရဲ့ချစ်ခရီးက ဖြောင့်ဖြူးပါ့မလား။ ဖခင်ကိုရော ရှာတွေ့မှာလား။ ဟော့ကျုံးရန်ရဲ့ပျောက်ဆုံးမှုက ဖုန်းမော့ချန်နဲ့ ဘယ်လိုပတ်သက်နေမလဲဆိုတာတွေကို သိချင်၊ ကြည့်ချင်၊ အဖြေရှာချင်ရင်တော့ ဒီစီးရီးကို ကြည့်မှရပါမယ်နော်...! Quality : WEB-DL 1080p, 720p Total Episodes : 24 Format : mp4 Genres : Drama Runtime : 40 min

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း