ဇာတ်ကားများ ရွေးရန်

How Dare You!?

2026ဇာတ်လမ်းတွဲ

ရှန်းရှ Fantasy ကိုမှ Rom-Com ကြိုက်ရင်တော့ အခု‌ညွှန်းပေးမဲ့စီးရီးလေးကို မဖြစ်မနေကြည့်မှရမယ်နော်! ဒီစီးရီးက Donghua အနေနဲ့ အရင်ထွက်ခဲ့တာဖြစ်သလို အတော်လေးလည်းပေါက်ခဲ့ပါတယ်။ အခုကတော့ C drama Series အနေနဲ့ ထွက်ရှိလာတာပါ။ ရှန်းရှ Fantasy ဆိုပေမဲ့ ကမ္ဘာကူးဇာတ်လမ်းဖြစ်တဲ့အပြင် MC နှစ်ယောက်ရဲ့အလွဲတွေကိုပါ ရယ်ရွှင်ဖွယ်မျိုးရိုက်ကူးထားလို့ Rom-Com ချစ်သူတွေအနေနဲ့ ကြည့်သင့်တဲ့ကားသစ်လေးပါပဲ။ MC တွေအဖြစ် အရမ်းမိုက်တဲ့ရှောင်ကောကော Cheng Lei နဲ့ မမလှလှလေး Wang Chu Ran တို့က ပါဝင်ထားကြပါတယ်။ နှစ်‌ယောက်လုံးရဲ့သက်ဝင်ဟန်ပန်တွေက ပြောစရာမလိုအောင် ပြည့်စုံနေပြီးသားမို့ ဇာတ်လမ်းက ဘယ်လိုတွေဖြစ်မလဲသိချင်ရင် မဖြစ်မနေကြည့်ကြပါ သာ့ကျားးး! ဇာတ်လမ်းအညွှန်း >>> လုပ်ငန်းခွင်ထဲက အတွေ့အကြုံနုနယ်သေးတဲ့ ဝန်ထမ်းအသစ်လေး ဝမ်ချွေဟွာဟာ မထင်မှတ်ဘဲ ဝတ္ထုကမ္ဘာတစ်ခုထဲကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီမှာ သူ့လိုပဲ တခြားကမ္ဘာကနေ ကူးပြောင်းရောက်ရှိလာသူတစ်ဦးဖြစ်တဲ့ ကျန်းဆန်းနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းဆန်းကတော့ သာမန်လူမဟုတ်ဘဲ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကတည်းက အချိန်အခါကောင်းကိုစောင့်ဆိုင်းရင်း အစွမ်းအစတွေကိုဖုံးကွယ်ထားတဲ့ "လျှို့ဝှက်ဘုရင်" တစ်ပါး ဖြစ်နေပါတယ်။ တစ်ယောက်က ကံကြမ္မာကို ရုန်းကန်ကျော်ဖြတ်ချင်သူ၊ နောက်တစ်ယောက်ကတော့ ဟန်ဆောင်မှုတွေရဲ့နောက်ကွယ်မှာ အင်အားတွေကို ဖုံးကွယ်ထားသူ... သူတို့နှစ်ဦးဟာ ဒီဝတ္ထုကမ္ဘာထဲမှာ အသက်ရှင်သန်နိုင်ဖို့အတွက် အင်အားချင်းပူးပေါင်းခဲ့ကြပါတယ်။ လှည့်ကွက်တွေနဲ့သစ္စာဖောက်မှုတွေကြားမှာ ရန်သူတွေကို ရင်ဆိုင်ရရုံတင်မကဘဲ သူတို့နှစ်ဦးထဲကတစ်ယောက်ဟာ သူတို့ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ သာယာဝပြောတဲ့ကမ္ဘာသစ်ကြီးကို မြင်တွေ့ခွင့်ရမှာမဟုတ်ဘူး" ဆိုတဲ့ ရက်စက်လွန်းလှတဲ့နိမိတ်ဖတ်ချက်ကိုလည်း ရင်ဆိုင်ကျော်ဖြတ်ကြရမှာပါ။ ဇာတ်လမ်းက ကမ္ဘာကူးတာကိုမှ ဟာသအလွဲတွေအပြင် အလွမ်းလေးပါ ရောနှောထားတဲ့ပုံစံမျိုးဆိုတော့ တကယ်ကို ရင်ခုန်စရာကောင်းမှာအသေအချာပါပဲ။ ရသစုံရှိုးထက်ကို စုံလင်လှတဲ့ C drama ကောင်းတစ်ခုကိုရှာနေရင် ဒီစီးရီးလေးက လူကြီးမင်းတို့အတွက်ပါပဲနော်...! Quality : WEB-DL 1080p,720p Total Episodes : 32 Format : mp4 Genres : Drama, Comedy, Historical Runtime : 45 min

အပိုင်းများ

32 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 32 အပိုင်း

ဇာတ်လမ်းအကြောင်း