ဇာတ်ကားများ ရွေးရန်

Yesterday

2026ဇာတ်လမ်းတွဲ

အတိတ်ရဲ့ အချစ်ရက်စွဲ (၂၀၂၆) "အတိတ်ရဲ့အရိပ်တွေကြားက... ပြန်လည်နိုးထလာမဲ့ အချစ်စစ်နဲ့ အာဏာလုပွဲ" BL Fan တွေ၊ Fujoshi လေးတွေအတွက် လတ်လတ်ဆတ်ဆတ် ထွက်ရှိလာတဲ့ Business Romance Drama ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။ ပုံမှန် ကျောင်းသားကားတွေ၊ အချစ်ကြည်ကြည်နူးနူး ကားတွေနဲ့မတူဘဲ Heir တွေ၊ CEO တွေရဲ့ စမတ်ကျကျ အထာတွေနဲ့ အားပြိုင်မှုတွေကို မြင်ရမှာပါ။ ဇာတ်လမ်းကတော့ VPG Group ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ဝီယာ နဲ့ KING Group ရဲ့ ဒုတိယသား ကယ်ဝင်တို့ရဲ့ အကြောင်းပါ...။ ကယ်ဝင် တစ်ယောက် သူ့ရဲ့ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ ခန်နဲ့ အာဏာလုပွဲ ဖြစ်ပွားနေချိန်မှာ ဝီယာ က ကယ်ဝင်ဘက်ကနေ ဝင်ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ လောကကြီးက ထင်သလိုမဖြစ်လာဘဲ သစ္စာဖောက်မှုတွေနဲ့ ကြုံလာရပြီးတဲ့နောက် ဝီယာ တစ်ယောက် ချင်းမိုင်အထိ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရတယ်။ အချိန်တစ်ခုကြာပြီးတဲ့နောက် ဝီယာနဲ့ ကယ်ဝင်တို့ ကံကြမ္မာအလှည့်အပြောင်းတစ်ခုကြောင့် ပြန်လည်ဆုံတွေ့ကြတဲ့အခါ...။ အတိတ်က နာကျင်မှုတွေ၊ သစ္စာဖောက်မှုတွေကို သင်ခန်းစာယူပြီး လက်ရှိမှာ LOYDE Group ကို အုပ်စိုးထားတဲ့ ဗီလိန်ခန်နဲ့ လာလင်တို့ကို ဘယ်လိုရင်ဆိုင်ကြမလဲ...။ အသက်ကိုပါ ရင်းရမဲ့ ဒီတိုက်ပွဲကြားမှာ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လို အဆုံးသတ်မလဲဆိုတာ...။ Business War ခင်းထားလို့ ဇာတ်ရှိန်မြင့်သလို၊ မင်းသားချောနှစ်ယောက်ရဲ့ Chemistry ကလည်း တော်တော်လေး မိုက်နေတာမို့ Drama ကောင်းကောင်း ကြိုက်သူတွေ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 800MB | 300MB Format… mp4 Duration…. 1h 10min Episodes..... 10 Episodes

အပိုင်းများ

11 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း