ဇာတ်ကားများ ရွေးရန်

Shine or Be Mad

2015ဇာတ်လမ်းတွဲအမှတ် 8.8/10

Shine or Be Mad (2015) အပိုင်း (1 မှ 24) စ/ဆုံး Tazza, The Slave Hunters ထဲက မင်းသား Jang Hyuk , Positively Yours ထဲက မင်းသမီး Oh Yeon Seo, The Fiery Priest ထဲမှ Lee Hanee, တို့အပြင် မင်းသား Na In Woo, Lim Ju Hwan အစရှိတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဂိုလျောခေတ် နန်းတွင်းကားဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဝမ်ဆို (Jang-Hyuk) ဟာဆိုရင်တော့ "ဂိုလျောကို သွေးချောင်းစီးစေလိမ့်မယ်"ဆိုတဲ့ ဟောကိန်းနဲ့အတူ မွေးဖွားလာတဲ့ ဂိုလျောမင်းသားတစ်ပါးဆိုပေမဲ့လည်း အသက် ၈ နှစ်အရွယ်မှာ နန်းတော်တွင်းကနေ နှင်ထုတ်ခံခဲ့ရပြီး ဂွန်းဂန်းတောင်ပေါ်မှာ ကြီးပြင်းခဲ့ရတဲ့သူပါ။ ရှင်းယူးလ်ကတော့ ဘားဟယ်နိုင်ငံရဲ့ နောက်ဆုံးမင်းသမီးလေးဖြစ်ပါတယ်။ ငယ်စဉ်က "တခြားနိုင်ငံအတွက် အလင်းရောင်ဖြစ်ပေးလိမ့်မယ်"ဆိုတဲ့ ဟောကိန်းကြောင့် မိခင်ရင်းကိုယ်တိုင်က ရေခဲကန်ထဲ ပစ်ချတာကို ခံခဲ့ရပြီး အစေခံအမျိုးသမီးရဲ့ ကယ်တင်မှုကြောင့် အသက်ဘေးကနေ သီသီလေး လွတ်မြောက်လာခဲ့သူပါ။ တစ်နေ့မှာ ဝမ်ဆိုဟာ ဖခင်ဖြစ်သူကို လုပ်ကြံတဲ့သူတွေအကြောင်း လိုက်လံစုံစမ်းရင်း ဂယ်ဘုံးမြို့ကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီမှာ ကုန်သည်ဂိုဏ်းကို ဦးဆောင်နေတဲ့ ရှင်းယူးလ်က အတင်းအဓမ္မ လက်ထပ်ခိုင်းမယ့် ဘေးကနေ လွတ်မြောက်ဖို့အတွက် ဝမ်ဆိုကို တစ်ညတာ သတို့သားအဖြစ် ဟန်ဆောင်ပေးဖို့ အကူအညီတောင်းဖြစ်ရာကနေ သူတို့နှစ်ဦး ပတ်သက်ယှက်နွယ်မိခဲ့ကြတာပေါ့။ အဲဒီလိုနဲ့ နှစ်အနည်းငယ်ကြာတဲ့အခါ ဂိုလျောမှာ ယောကျ်ားလေးလို ဝတ်စားဆင်ယင်ပြီး ကုန်သည်လုပ်ငန်း လုပ်ကိုင်နေတဲ့ ရှင်းယူးလ်နဲ့ မင်းသားဝမ်ဆိုတို့ ပြန်လည် ဆုံတွေ့ကြတဲ့အခါမှာတော့... သွေးချောင်းစီး ကျိန်စာသင့်နေတဲ့ ဂိုလျောမင်းသားလေးက ရှင်းယူလ်ဆိုတဲ့ မိန်းကလေးရဲ့ အလင်းပြပေးမှုကြားကနေ ဘယ်လိုဘယ်ပုံ တောက်ပလင်းလက်တဲ့ ဧကရာဇ်တစ်ပါးဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ Aired: Jan 19, 2015 - Apr 7, 2015 Aired On: Monday, Tuesday Genres: Historical, Romance, Supernatural, Political Episodes: 24 Original Network: MBC

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း