ဇာတ်ကားများ ရွေးရန်

Frozen Valentine

2026ဇာတ်လမ်းတွဲ

မြူနှင်းဝေတဲ့ ချစ်အိပ်မက် (၂၀၂၆) "ရေခဲတုံးလို အေးစက်တဲ့ မမကိုမှ စွဲလမ်းမိတဲ့အခါ..." GL Fan တွေအတွက် လတ်လတ်ဆတ်ဆတ် ထွက်ရှိလာတဲ့ "Glow Up" အချစ်ဇာတ်လမ်းသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ရုပ်ရှင်နာမည်က "Frozen Valentine" ဆိုတဲ့အတိုင်း အေးစက်မှုတွေနဲ့ အချစ်တွေ ရောယှက်နေမယ့် ဇာတ်လမ်းမျိုးပေါ့။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်... ပင်ရက်ဆိုတဲ့ ကောင်မလေးက အခုချိန်မှာတော့ တက္ကသိုလ်မှာ နာမည်ကြီးပြီး ဘယ်သူမြင်မြင် ငေးရတဲ့ အလှပဂေးလေးတစ်ယောက်။ ဒါပေမဲ့ သူ့ရဲ့ အတိတ်က လျှို့ဝှက်ချက်တစ်ခုကိုတော့ ဘယ်သူမှ မသိကြပါဘူး။ အဲဒါကတော့ သူဟာ တစ်ချိန်တုန်းက မျက်မှန်ထူထူနဲ့ ရှက်တတ်တဲ့ စာကြမ်းပိုးမလေး ဖြစ်ခဲ့ဖူးတယ် ဆိုတာပါပဲ။ အဲဒီတုန်းက သူ့ရဲ့ အချစ်ဦးကတော့ ကျောင်းက စီနီယာအစ်မကြီး အစ်မချမ်းပါ။ ချမ်းက အရမ်းလှသလောက် အရမ်းလည်း အေးစက်လွန်းသူမို့ "Ice-Cold Senior" လို့ တင်စားခံရသူပေါ့။ ကံကြမ္မာက မျက်လှည့်ပြလိုက်တဲ့အခါ... သူတို့နှစ်ယောက် ပြန်ဆုံဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ ပြဿနာက အေးစက်စက် အစ်မချမ်းတစ်ယောက် သူ့ရှေ့က အလှပဂေးလေး ပင်ရက်ဟာ ဟိုးအရင်တုန်းက သူ့နောက်တကောက်ကောက်လိုက်ခဲ့လို့ သူရက်ရက်စက်စက် ပြောခဲ့ဖူးတဲ့ စာကြမ်းပိုးမလေးမှန်း လုံးဝ မရိပ်မိတာပါပဲ။ အေးစက်တဲ့ စီနီယာအစ်မကြီးကို ကြွေခဲ့ရတဲ့ ဂျူနီယာမလေးရဲ့ အချစ်ဇာတ်လမ်း... အမှန်တရားကို သိသွားတဲ့အခါ သူ့ရဲ့ တုံ့ပြန်မှုက ဘယ်လိုဖြစ်မလဲ... ပင်ရက်ရဲ့ အချစ်ကရော ဒီရေခဲတုံးကြီးကို အရည်ပျော်အောင် လုပ်နိုင်ပါ့မလားဆိုတာ… Visual အလန်းစား မင်းသမီးချောနှစ်ယောက်ရဲ့ Chemistry မိမိ ရိုမန်းတစ် scenes လေးတွေကို ရင်ခုန်စွာနဲ့ ရှုစားလိုက်ကြပါဦး။ Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 800MB | 250MB Format… mp4 Duration…. 45 min Episodes....10 Episodes

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း