ဇာတ်ကားများ ရွေးရန်

Daldal

2026ဇာတ်လမ်းတွဲအမှတ် 8.0/10

Daldal Season 01 (2025) "မှုခင်း အတွဲ(၁)" IMDb - 5.3/10 အရှေးကူးမားနဲ့အတူ Toilet: Ek Prem Katha (2017)မှာ မြန်မာဘောလိ၀ုဒ် ပရိသတ်အများစုသတိထားမိလာတဲ့ သဘာ၀ကျကျသရုပ်ဆောင်ချက်တွေနဲ့ မင်းသမီး ဘူမီပဒ်နေကားရဲ့စိတ်ဝင်စားစရာ မှုခင်းဇာတ်လမ်းတွဲကို တင်ဆက် ပေးလိုက်ပါတယ်။ သူ့ရဲ့ ပထမဆုံးရုပ်ရှင် Dum Laga Ke Haisha (2015)မှာ အိုဗာဝိတ်ဖြစ်နေတဲ့ ခန္ဓာကိုယ်ဇာတ်ကောင်နဲ့အတူပီပြင်စွာနဲ့ သရုပ်ဆောင်ခဲ့သလိုပဲ အဲဒီရုပ်ရှင်ပြီးတဲ့ နောက် ခန္ဓာကိုယ်ကို ပြောင်းလဲမှုတွေ လုပ်လာလိုက်တာကဒီဇာတ်လမ်းတွဲမှာ တော့ မထင်မှတ်ထားလောက်တဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုနဲ့အတူ ချောမောလှပ နေတဲ့ မင်းသမီးဘူမီပဒ်နေကားကိုမြင်တွေ့ကြရမှာပါ။ ဒီစီပီ ရီတာ...။မွမ်ဘိုင်းမြို့ရဲ့ ပထမဆုံးနဲ့ အငယ်ဆုံး အမျိုးသမီးလက်ထောက် ရဲမင်းကြီး ရီတာပေါ့။ရဲဌာနမှာ အဲဒီရာထူးကို မျှော်မှန်းထားတဲ့ အမျိုးသားရဲ အရာရှိတွေရှိပေမဲ့ ရီတာရဲ့ ထူးချွန်ပြောင်မြောက်တဲ့စစ်ဆင်ရေး လုပ်ဆောင် ချက်တွေကြောင့် အဲဒီရာထူးကို ထိုက်ထိုက်တန်တန်ရခဲ့ပါတယ်။ ဒါပေမဲ့ ရီတာရဲ့အတိတ်ဘ၀ကတော့ လက်ရှိမြင်နေရသလောက် မရိုးရှင်းလှ။ ဖုံးကွယ်မေ့ပစ်ချင်တဲ့အတိတ်နဲ့အတူပဲ လူမဆန်တဲ့ မှုခင်းတွေကို ဖြေရှင်းရတဲ့ အပြင် ဌာနတွင်း ပြိုင်ဆိုင်တိုက်ခိုက်မှုတွေကိုရင်ဆိုင်နေရတဲ့ ရီတာရဲ့ ဘ၀ဇာတ် လမ်းကို ခံစားကြည့်ရှုကြပါဦး။ Genre.....Mystery, Drama Quality….WEB-DL 1080p File size…600MB Format…mkv Duration….40min Subtitle….Myanmar Subtitle (Hardsub)

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း