ဇာတ်ကားများ ရွေးရန်

In Your Radiant Season

2026ဇာတ်လမ်းတွဲအမှတ် 8.9/10

In Your Radiant Season (2026) အပိုင်း (၁ မှ ၁၂) စ/ဆုံး "သင့်ရဲ့ဘဝက လက်ရှိမှာ ဘယ်ရာသီကို ဖြတ်သန်းနေရပါသလဲ?" ကိုယ်စီအကြောင်းအရင်းတွေကြောင့် ခါးသက်တဲ့ ဆောင်းရာသီကို ဖြတ်သန်းနေရသူများအတွက် နွေးထွေးတဲ့ နွေဦးလေပြည်လေးလို နှစ်သိမ့်မှုဖြစ်စေမဲ့ Mystery , Wintering Romance ဒရမ်မာသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် .. Main Cast များအနေနဲ့ Dr. Romantic ထဲက မင်းသမီး Lee Sung-Kyoung နဲ့ Serendipity's Embrace ထဲက မင်းသား Chae Jong-Hyeop တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ် .. - ဇာတ်လမ်းအကျဉ်း - ရှင်သန်ရခြင်းအဓိပ္ပာယ် ပျောက်ဆုံးနေတဲ့ အင်ဂျင်နီယာကျောင်းသား ဆွန်းအူချန်း (Chae Jong-Hyeop) ဟာ အခန်းဖော်ရဲ့ အကူအညီတောင်းမှုကြောင့် မိမိက ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ်ပြီး ဆုန်းဟာရန်း (Lee Sung-Kyoung) နဲ့ ချက်တင်ပြောရင်းကနေ ဘဝရဲ့နွေဦးကို ပြန်လည်တွေ့ရှိခဲ့ပေမဲ့လည်း မထင်မှတ်ဘဲဖြစ်လာတဲ့ ဓာတ်ခွဲခန်းပေါက်ကွဲမှုကြောင့် ချန်းရဲ့ ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ၇ နှစ်အကြာမှာ မတော်တဆမှုရဲ့ နောက်ဆက်တွဲဒဏ်ကြောင့် မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်း ဆုံးရှုံးထားတဲ့ အန်နီမေးရှင်း ကာရိုက်တာဒီဇိုင်နာ ချန်းနဲ့ ဒီဇိုင်နာဖြစ်လာတဲ့ ဟာရန်းတို့ဟာ ပရောဂျက်တစ်ခုမှာ ပြန်လည် ဆုံစည်းဖြစ်ကြပါတော့တယ်။ ချန်းဟာ ကိုယ့်ရဲ့သရုပ်မှန်ကို မသိတဲ့ ဟာရန်းဆီကနေ ရှောင်ပြေးဖို့ ကြိုးစားပေမဲ့ ချစ်ရသူတွေကို ဆုံးရှုံးလိုက်ရတဲ့ စိတ်ဒဏ်ရာကြောင့် ဟာရန်းက ခက်ခဲတဲ့ ဆောင်းရာသီကို ဖြတ်သန်းနေရတယ်ဆိုတဲ့အကြောင်း သိရှိလိုက်ရပြီးနောက် .. ဟာရန်းကို ဆောင်းရာသီထဲက ဆွဲထုတ်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့... တကယ်ပဲ ဆောင်းရာသီရဲ့အဆုံးမှာ ချန်းနဲ့ ဟာရန်းတို့နှစ်ဦးအတူ တောက်ပတဲ့နွေဦးကို ကြိုဆိုနိုင်ပါ့မလားဆိုတာကို အပတ်စဉ် သောကြာ ၊ စနေနေ့တိုင်း အတူစောင့်ကြည့်ကြစို့နော် .. Episodes: 12 Aired: Feb 20, 2026 - Mar 28, 2026 Aired On: Friday, Saturday Original Network: MBC, Disney+ Genres: Mystery, Romance, Drama

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း