ဇာတ်ကားများ ရွေးရန်

Fall in Love Again

2026ဇာတ်လမ်းတွဲ

ဒီတစ်ခါ C drama Fan တို့အတွက် တင်ဆက်ပေးချင်တာကတော့ Romance Mini Series ကောင်းလေးတစ်ခုပါ။ ဒီကားက Strong Female Lead နဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ ဒီစီးရီးလေးမှာ Guan Xin၊ Li Zhe Hao နဲ့ Marmalade Zhang တို့က အဓိကပါဝင်ထားပြီး သုံးပွင့်ဆိုင်ဇာတ်အိမ်က မြင်ဖူးနေကျလိုမဟုတ်ဘဲ မချောနှစ်ယောက် ကိုလူချောတစ်ယောက်ဇာတ်လမ်းသွားမို့ ကြည့်ရင်း ကလိကလိကကျိကကျိဖြစ်ရမှာ အမှန်ပါပဲ။ ဇာတ်လမ်းအညွှန်း >>> မင်းသမီးချူကျင့်ရှီးဟာ အချစ်ကြောင့် အနုပညာလောကကနေ အနားယူခဲ့ပေမဲ့ စေ့စပ်ထားသူ ချီစီးချင်ရဲ့သစ္စာဖောက်မှုကိုသာ ခါးသီးစွာခံစားခဲ့ရပါတယ်။ မင်္ဂလာပွဲမှာပဲ ချီစီးချင်ရဲ့ရှက်ဖွယ်ကောင်းတဲ့လုပ်ရပ်တွေကို လူသိရှင်ကြားဖွင့်ချလိုက်ပြီးနောက် ထွက်ခွာလာခဲ့ရာ သူ့အနုပညာသက်တမ်းဟာလဲ အနိမ့်ဆုံးအခြေအနေကို ကျဆင်းသွားခဲ့ရပါတယ်။ ဒါပေမဲ့ မန်နေဂျာဖြစ်တဲ့အပြင် သူငယ်ချင်းလဲဖြစ်တဲ့ယန်ယန်ရဲ့အားပေးကူညီမှုကြောင့် ချူကျင့်ရှီးဟာ ကိုယ်ပိုင်ရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး သူ့အပေါ် အမြဲတမ်းသစ္စာရှိခဲ့တဲ့ဟယ်ကျန်းဆိုသောသူဆီမှလဲ နွေးထွေးလွန်းလှတဲ့အားပေးကူညီမှုတွေကို ရရှိခဲ့ပါတယ်။ စီးပွားရေးလောကမှာ အထူးဩဇာရှိသူဖြစ်တဲ့ဖုစစ်နျန်ကလည်း သူ့ကို အစွမ်းကုန်ကူညီပေးခဲ့သလို သူ့အပေါ်ထားရှိတဲ့မေတ္တာကိုလဲ ပွင့်ပွင့်လင်းလင်းဝန်ခံလာခဲ့ပါတယ်။ ဒါပေမဲ့ ချူကျင့်ရှီးကမူ အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်ဖြတ်ရင်း ဟယ်ကျန်းအပေါ်တွင်သာ သံယောဇဉ်တွယ်လာခဲ့ပါတယ်။ သူ့ပရောဂျက်အသစ်စတင်တော့မဲ့အချိန်မှာပဲ ချီစီးချင်က အနှောင့်အယှက်ပေးဖို့ ထောင်ချောက်ဆင်ခဲ့ပြီး ချူကျင့်ရှီးရဲ့ကိုယ်ရေးကိုယ်တာဓာတ်ပုံတွေကို အများပြည်သူကြား ပျံ့နှံ့အောင်ပြုလုပ်ခဲ့တာမို့ ဝေဖန်တိုက်ခိုက်မှုတွေကို ပြင်းထန်စွာခံခဲ့ရပြန်ပါတယ်။ ခဏတာအနားယူစဉ်းစားပြီးနောက် ချူကျင့်ရှီးဟာ အကြောက်အလန့်မရှိ ရဲဝံ့စွာပြန်လည်ရင်ဆိုင်ရန် ရွေးချယ်ခဲ့ပြီး လူသိရှင်ကြား ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ကာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့သိက္ခာကို ပြန်လည်ရယူရင်း တောက်ပသောဘဝသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီစီးရီးမှာ Woman Empower ကိုလည်းမြင်ရမဲ့အပြင် အချစ်ပျားရည်ရဲ့ချိုမြမြအရသာကို နှလုံးသားထဲကလိကလိဖြစ်ရင်း ခံစားကြည့်ရှုရမှာမို့ Romance Fan တွေ လုံးဝလက်မလွှတ်သင့်ပါဘူးနော်...! Total Episodes : 21 Quality : 1080p Genres : Modern, Drama Runtime : 15 mins Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

21 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 21 အပိုင်း

ဇာတ်လမ်းအကြောင်း