ဇာတ်ကားများ ရွေးရန်

The Blacklist

2013ဇာတ်လမ်းတွဲအမှတ် 7.6/10

Season 1 to 10 (Complete) The Blacklist ဆိုတာက မှုခင်းစုံထောက်နဲ့ အက်ရှင်လျှို့ဝှက်သည်းဖို ဇာတ်လမ်းတွေ ကြိုက်တဲ့သူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ စီးရီးကောင်းတစ်ခုပါ။ ကမ္ဘာ့အကောင်းဆုံး ဇာတ်လမ်းတွဲတွေထဲက တစ်ခုပါပဲ။ ဇာတ်လမ်းအကျဉ်း တစ်ချိန်က အမေရိကန်ရေတပ် ထောက်လှမ်းရေးအရာရှိဟောင်းဖြစ်ပြီး နောက်ပိုင်းမှာ ကမ္ဘာ့အလိုချင်ဆုံး ရာဇဝတ်ကောင်ကြီးဖြစ်သွားတဲ့ Raymond "Red" Reddington က FBI ဆီကို ကိုယ့်သဘောနဲ့ကိုယ် လာအဖမ်းခံလိုက်ရာကနေ ဇာတ်လမ်းစထားပါတယ်။ သူ့ဆီမှာ FBI တောင် မသိသေးတဲ့ ကမ္ဘာ့အန္တရာယ်အရှိဆုံး ရာဇဝတ်ကောင်တွေ၊ ဟက်ကာတွေ၊ မာဖီးယားဂိုဏ်းစတားတွေရဲ့ စာရင်း (Blacklist) ကြီးတစ်ခု ရှိနေတယ်။ ဒီလူတွေကို ဖမ်းဖို့ သူက FBI ကို ကူညီပေးမယ်လို့ ကမ်းလှမ်းတယ်။ သူ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က FBI အေးဂျင့်အသစ်စက်စက်လေး Elizabeth Keen နဲ့ပဲ အလုပ်တွဲလုပ်မယ် ဆိုတာပါပဲ။ Reddington နဲ့ Elizabeth Keen တို့ကြားက ဘာပတ်သက်မှုတွေ ရှိနေတာလဲ၊ Red ရဲ့ တကယ့် ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲ ဆိုတာတွေကို FBI အဖွဲ့နဲ့တွဲပြီး Blacklist ထဲက လူတွေကို တစ်ယောက်ချင်း လိုက်ဖမ်းရင်း တဖြည်းဖြည်း ချိတ်ဆက်ပြသွားတဲ့ ဇာတ်လမ်းမျိုးပါ။ ဘာလို့ကြည့်သင့်လဲ ဇာတ်ကွက်လှည့်ကွက်: အပိုင်းတိုင်းမှာ ရာဇဝတ်ကောင် တစ်ယောက်ချင်းစီကို လိုက်ဖမ်းရတာဆိုတော့ ကြည့်ရတာ ပျင်းစရာမကောင်းဘူး။ နောက်ကွယ်က အဓိကဇာတ်လမ်းကြီးကလည်း လှည့်ကွက်တွေ၊ လျှို့ဝှက်ချက်တွေ အပြည့်ပဲ။ Red နေရာက သရုပ်ဆောင်တဲ့ James Spader ရဲ့ သရုပ်ဆောင်ချက်တွေက တကယ့်ကို အသက်ပါ။ စကားပြောတဲ့ ဟန်ပန်၊ အမူအရာတွေကအစ အရမ်းမိုက်တယ်။ စကားလုံးကြွယ်ကြွယ်နဲ့ လူလည်ကျတတ်တဲ့ နေရာမှာ လုံးဝ ဆရာကြီးပဲ။ စုစုပေါင်း Season 10 အထိ ထွက်ထားတော့ ဇာတ်လမ်းတွဲ ရှည်ရှည်လေးတွေကို အချိန်ပေးပြီး ဇိမ်ဆွဲကြည့်ချင်တဲ့ သူတွေအတွက် သိပ်အဆင်ပြေတယ်။ အက်ရှင်တွေ၊ လျှို့ဝှက်ချက်တွေ၊ စုံထောက် အချိတ်အဆက်တွေ ကြိုက်တယ်ဆိုရင်တော့ The Blacklist ကို သေချာပေါက် ကြည့်ကြည့်ဖို့ ညွှန်းချင်ပါတယ်။ File size…(1 GB)/(564 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

အပိုင်းများ

218 အပိုင်း၊ season 10 season
ပြထားသည် 12 မှ 22 အပိုင်း

ဇာတ်လမ်းအကြောင်း