ဇာတ်ကားများ ရွေးရန်

The Masked Hearts

2026ဇာတ်လမ်းတွဲ

မျက်နှာဖုံး‌နောက်ကွယ်က နှလုံးသား (၂၀၂၆) BL နဲ့ Drama ပရိသတ်တွေအတွက် ရိုးရာယဉ်ကျေးမှုနဲ့ ခေတ်သစ်အနုပညာကို လှလှပပ ပေါင်းစပ်ထားပြီး အတိတ်ဘဝ၊ ပစ္စုပ္ပန်ဘဝ (Reincarnation) ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတဲ့ Thai Drama အသစ်စက်စက် "The Masked Hearts (2026)" လာပါပြီ။ ဇာတ်လမ်းလေးကတော့ ပစ္စုပ္ပန်ကာလမှာ ဆန်ဆိုတဲ့ ကောင်လေးဟာ "Thotsakan" (နတ်ဆိုးဘုရင်) ကို အရူးအမူး ကြိုက်နှစ်သက်တဲ့ Cosplayer လေးပါ။ သူဟာ ခွန်ရိုးရာအကအသင်းကို ခေတ်သစ်စတိုင်တွေ ထည့်သွင်းပြီး ပြုပြင်ပြောင်းလဲချင်နေသူပေါ့။ ဒီလိုနဲ့ သူဟာ ရိုးရာကို အရမ်းတန်ဖိုးထားတဲ့ ရုပ်ရည်ချောမောလှပတဲ့ ခွန်အကအသင်း ဥက္ကဋ္ဌလေး လပ်ကီးနဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ လပ်ကီးကလည်း ရိုးရာအက အမျိုးသားအနုပညာရှင်ကြီးရဲ့ မြေးဖြစ်တဲ့အတွက် ရိုးရာကို လုံးဝအထိခံတဲ့သူ မဟုတ်ပါဘူး။ အမြင်မတူလို့ တွေ့တာနဲ့ မတည့်ကြပေမဲ့ ရှင်းပြလို့မရတဲ့ ဆွဲဆောင်မှုတစ်ခုက သူတို့ကို နီးကပ်လာစေတာဟာ အတိတ်ဘဝက မပြတ်သားခဲ့တဲ့ ရေစက်တွေကြောင့်ပါပဲ။ အတိတ်ဘဝ ရာမ ၆ ဘုရင်ရဲ့ လက်ထက်မှာတော့ ဆန်ဆိုတဲ့ သာမန်လူတန်းစား ကောင်လေးဟာ သခင်ဖြစ်သူနောက်ကိုလိုက်ပြီး ခွန်အက သင်ယူခဲ့ပါတယ်။ သူ့ရဲ့အိပ်မက်ကတော့ ထော့စကန် နေရာမှာ ကပြဖို့ပါ။ ဒါပေမဲ့ သူဟာ နတ်သားတစ်ပါးလို လှပပြီး ရာမနေရာကနေ ကပြရတဲ့ မှူးမတ်မျိုးနွယ် ခွန်ရတ်ကို တိတ်တဆိတ် ချစ်မိသွားခဲ့တဲ့အခါ… သခင်နဲ့ ကျွန်ကြားက တားမြစ်ထားတဲ့ အချစ်... ဒီဘဝမှာတော့ မြင်မြင်ချင်း အမုန်းကနေ စတင်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာ ဘယ်လိုဆက်စပ်ပြီး ဘယ်လိုတွေ ရင်ခုန်ရမလဲဆိုတာ ရှုစားရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။ အချစ်၊ ဒရာမာနဲ့ ထိုင်းရိုးရာအကအလှတွေကို တစ်ဝကြီး ခံစားရမှာမို့ ရိုးရာနဲ့ ခေတ်သစ်အားပြိုင်မှုတွေကြားက အတိတ်ဘဝ အချစ်ဇာတ်လမ်းတွေကို သဘောကျရင်တော့ လုံးဝ လက်မလွတ်သင့်တဲ့ ဒီဇာတ်ကားကောင်းလေးကို ရှုစားကြည့်ကြပါဦး။ Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 300MB | 150MB Format… mp4 Duration…. 25 min Episodes....8 Episodes

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း