ဇာတ်ကားများ ရွေးရန်

The Devil Between Us

2026ဇာတ်လမ်းတွဲ

ရုပ်ရှင်ကြည့်ရင်း ဦးနှောက်ကိုပါအနားမပေးချင်တဲ့ပရိတ်သတ်တို့အတွက် Thriller Series လေးတစ်ခု ယူလာပေးပါတယ်။ ဒီကားမှာ လူတွေရဲ့လောဘတွေ၊ ရမ္မက်တွေအပြင် ဆက်နွယ်ချိတ်ဆက်နေတဲ့လျှို့ဝှက်ချက်တွေကိုပါ အသည်းတအေးအေးကြည့်ရမှာပါ။ MC တွေအဖြစ် ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Ren Su Xi၊ Li Ze Feng၊ Lawrence Wang နဲ့ Elvira Cai တို့က အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။ ဝါရင့်တွေချည်းပဲဦးဆောင်ထားတာမို့ ဇာတ်ကားကောင်းမကောင်းကတော့ ထွေထူးပြောမနေတော့ပါဘူး။ ဇာတ်လမ်းအညွှန်း >>> တိတ်ဆိတ်ငြိမ်သက်လှတဲ့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ ပျောက်ဆုံးသွားတဲ့မူးယစ်ဆေးဝါးအိတ်တစ်အိတ်ကြောင့် ပရမ်းပတာအခြေအနေတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲအမှုဟာ စုံထောက်တစ်ဦး၊ အကျပ်အတည်း ဆိုက်နေတဲ့ ဖခင်တစ်ဦး၊ ရည်မှန်းချက်ကြီးလှတဲ့ အမျိုးသမီးငယ်တစ်ဦးနဲ့ မူးယစ်သားကောင်ဖြစ်နေတဲ့မောင်နှမနှစ်ဦးတို့ကို မထင်မှတ်ဘဲ တစ်နေရာတည်းမှာ ဆုံစည်းစေခဲ့ပါတယ်။ သူတို့ရဲ့ဘဝတွေ ထိပ်တိုက်ဆုံမိကြချိန်မှာ အသက်အန္တရာယ်ရှိတဲ့ကယ်ဆယ်ရေးမစ်ရှင်တစ်ခု စတင်ခဲ့ပါတော့တယ်။ အဲခရီးလမ်းအဆုံးမှာတော့ သူတို့အားလုံးရဲ့ဘဝတွေဟာ အရင်ကလိုမျိုးမဟုတ်ကြတော့ပါဘူး။ လောဘဇော၊ မောဟဇောတွေကြားကနေ မိဘမေတ္တာ၊ မောင်နှမသံယောဇဉ်ကိုပါ မီးမောင်းထိုးပြထားတာမို့ အမှုဇာတ်ကြောင်းအတွက် ဦးနှောက်စားရင်း နာကျင်မှု၊ မွန်းကြပ်မှုတွေကိုပါ ခံစားစေရမဲ့ Heavy ဇာတ်လမ်းမျိုးမို့ ကြည့်ကိုကြည့်သင့်ပါတယ် ပြိတ်သတ်ရေ! Quality : WEB-DL 1080p,720p Total Episodes : 16 Format : mp4 Genres : Mystery, Thriller Runtime : 45 min

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း