ဇာတ်ကားများ ရွေးရန်

CIA

2026ဇာတ်လမ်းတွဲအမှတ် 8.0/10

CIA (2026) Season 01 (စ/ဆုံး) Lucifer (လူစီဖာ) ဇာတ်လမ်းတွဲနဲ့ လူကြိုက်များခဲ့တဲ့ မင်းသားကြီး Tom Ellis တစ်ယောက် အခု ၂၀၂၆ မှာတော့ "CIA" ဆိုတဲ့ နာမည်နဲ့ Crime Drama ဇာတ်လမ်းတွဲသစ်မှာ ပြန်ပါလာပါပြီ။ ဒီတစ်ခါတော့ သူက ငရဲပြည်က မဟုတ်ဘဲ CIA အေးဂျင့်တစ်ယောက်အနေနဲ့ ပရိသတ်တွေကို ဖမ်းစားဦးမှာပါ။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းမှာ Tom Ellis က CIA အေးဂျင့်နေရာက သရုပ်ဆောင်ထားပါတယ်။ သူက ခပ်ဟော့ဟော့၊ ခပ်ပေါ့ပေါ့နဲ့ စည်းကမ်းတွေကို သိပ်ဂရုမစိုက်တတ်တဲ့၊ စကားပြောလည်း သိပ်သွက်တဲ့ လူစားမျိုးပါ။ အလုပ်လုပ်ရင်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ဇွတ်တရွတ်လုပ်တတ်လို့ အထက်လူကြီးတွေ ခေါင်းခဲရတဲ့ လူရှုပ်တစ်ယောက်ပေါ့။ ဇာတ်လမ်းကတော့ အမေရိကန်မြေပေါ်မှာ ဖြစ်ပွားလာမယ့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် CIA နဲ့ FBI ပူးပေါင်းဆောင်ရွက်ရတဲ့အကြောင်းပါ။ Colin Glass ရဲ့ အတွဲအဖက်ကတော့ FBI အေးဂျင့် Bill Goodman ဖြစ်ပြီး သူကတော့ စည်းကမ်းဆို တစ်သေဝမတိမ်း လိုက်နာတဲ့သူပါ။ အကျင့်စရိုက် လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဒီနှစ်ယောက် ပေါင်းမိတဲ့အခါမှာတော့ တကယ့်ကို အလွဲလွဲအချော်ချော်တွေနဲ့ ရင်ခုန်စရာ အက်ရှင်ခန်းတွေကို မြင်တွေ့ရမှာပါ။ ပထမဆုံးအပိုင်းမှာတင် အမေရိကန် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်လက်နက်တစ်ခု အခိုးခံရတာကို ဒီနှစ်ယောက် ဘယ်လိုစုံစမ်းဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားစရာ ရိုက်ကူးထားပါတယ်။ Tom Ellis ရဲ့ ပရိသတ်တွေအတွက်တော့ သူ့ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဟာသနှောတဲ့ စတိုင်ကို ဒီကားမှာ အပြည့်အဝ ပြန်မြင်ရမှာပါ။ ဒီကားက နာမည်ကြီး "FBI" ဇာတ်လမ်းတွဲတွေရဲ့ Spin-off တစ်ခုဖြစ်လို့ အရင်ကားက ဇာတ်ကောင်အချို့ကိုလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ မြင်ရဖို့ ရှိပါတယ်။ သူလျှိုလောကရဲ့ လျှို့ဝှက်ချက်တွေနဲ့ အမှုလိုက်တဲ့ အခန်းတွေကို ကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။ ဒီဇာတ်လမ်းတွဲက ၂၀၂၆ ဖေဖော်ဝါရီလထဲမှာတင် စတင်ပြသနေတာဖြစ်လို့ Tom Ellis ရဲ့ အေးဂျင့်စတိုင်ကို အပတ်စဉ် စောင့်ကြည့်နိုင်ပါပြီ။ File size… (800 MB) / (400 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Spy, Action, Adventure, Crime, Drama, Mystery, Thriller Duration…. 45min Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း