Gunbuster
Gunbuster (1988) IMDB - 7.7/10, MyAnimeList - 7.8/10 ဒီ Classic Sci-fi Anime စီးရီးအကြောင်းကို စပြောရမယ်ဆိုရင်တော့ ဒီကောင်ဟာ နာမည်ကျော် Neon Genesis Evangelion ရဲ့ ဒါရိုက်တာဖြစ်သူ Hideaki Anno ရဲ့ ပွဲဦးထွက်လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။ နောက်ပြီး သူ့ရဲ့ထူးခြားချက်ကတော့ အဲဒီခေတ်ခါအချိန်ကတည်းက Insteller ထဲမှာ မြင်တွေ့ရသလိုမျိုး အာကာသမှာ မိနစ်ပိုင်းဆိုပေမဲ့ ကမ္ဘာပေါ်မှာ နှစ်ချီကြာသွားတဲ့ အာကာသ-ကမ္ဘာ အချိန်ကွာခြားမှု သိပ္ပံသီအိုရီကို သုံးပြထားတာပဲ ဖြစ်ပါတယ်။ 80 ကာလစီးရီး ဖြစ်ပေမဲ့လည်း ခုထက်ထိ Animation တွေက ကြည့်ကောင်းနေဆဲဆိုလည်း မမှားပါဘူး။ ထပ်တိုးအနေနဲ့ ထူးထူးခြားခြား နောက်ဆုံးအပိုင်းကို အဖြူအမည်းကာလာနဲ့ တင်ဆက်သွားတာက Anime လောကရဲ့ အကောင်းဆုံးဇာတ်သိမ်းတစ်ခုလို့တောင် ညွန်းဆိုကြပါတယ်။ ဒီတော့ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆိုရင် Noriko ဆိုတဲ့ကောင်မလေးဟာ ဆုံးပါးသွားတဲ့ အာကာသယာဉ်ပျံ ကပ္ပတိန်ဖခင်ဖြစ်သူကြောင့် အာကာသထဲကို ခရီးထွက်ဖို့ စိတ်အားထက်သန်နေသူလေး ဖြစ်ပါတယ်။ အာကာသထဲက သတ္တဝါတွေနဲ့ စစ်ဖြစ်နေတဲ့ ကမ္ဘာအတွက် စက်ရုပ်အကြီးကြီးတွေဖြစ်တဲ့ Gunbuster ကို လူဝင် ပိုင်းလော့ခ်အနေနဲ့မောင်းပြီး တန်ပြန်တိုက်ခိုက်နေရတဲ့ကာလပေါ့။ အဲဒီမှာ Noriko က သင်တန်းသူလေးအနေနဲ့ အရည်အချင်းမရှိဘူးလို့ ကိုယ့်ကိုကိုယ်ခံယူပြီး စိတ်ဓာတ်ကျနေပေမဲ့လည်း သူနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ ပိုင်းလော့ခ်တစ်ယောက်နဲ့အတူ စစ်ပွဲထဲမှာ Gunbuster ပိုင်းလော့ခ်အနေနဲ့ ရွေးချယ်ခံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုမျိုးတွေ ဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ...။ ဒီစီးရီးလေးက Sci-fi အက်ရှင်သီးသန့်တင်မကပဲ အချိန်ကွာခြားမှုပြဿနာကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ဘယ်လိုကြုံတွေ့ရတယ်တို့ အကြောက်အလန့်ကြီးတဲ့ ဇာတ်လိုက်မလေးက ဘယ်လိုမျိုး ကယ်တင်ရှင်ဖြစ်လာမလဲတို့ လူသားတွေရဲ့ အသက်ရှင်လိုစိတ်တို့ စသဖြင့် ကောင်းကောင်းကြီး ပုံဖော်ထားတာဆိုရင်လည်း မှားမယ်မထင်လို့ ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေဗျာ။ (တစ်ခုသတိချပ်လိုတာကတော့ ဒီစီးရီးထဲမှာ လိင်ပိုင်းဆိုင်ရာဇာတ်ကွက်များ မပါဝင်ပေမဲ့လည်း ပွင့်လင်းမြင်သာတဲ့ ဇာတ်ဝင်ခန်းလေးတွေ ပါသေးတာမို့ မိသားစု/ကလေးများနဲ့ ကြည့်ရှုမယ်ဆို သတိချပ်စေလိုပါကြောင်း)
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း