ဇာတ်ကားများ ရွေးရန်

Marshals

2026ဇာတ်လမ်းတွဲအမှတ် 7.5/104K

Yellowstone ရဲ့ Spin-off "Marshals" (၂၀၂၆) ဇာတ်လမ်းတွဲ ++++++++++++++++++++++++++++ Season (1) Complete Season (2) Ongoing Yellowstone ပရိသတ်တွေအတွက်တော့ သတင်းကောင်းပါပဲ။ ၂၀၂၄ မှာ Yellowstone ပြီးသွားပေမယ့် လူကြိုက်များတဲ့ ဇာတ်ကောင် Kayce Dutton ကို အဓိကထားရိုက်ကူးထားတဲ့ "Marshals" ဆိုတဲ့ ဇာတ်လမ်းတွဲသစ်ကထွက်ရှိလာပါပြီ။ ဒီကားက ရိုးရိုး ကောင်းဘွိုင်ကား မဟုတ်တော့ဘဲမှုခင်းစုံထောက် အက်ရှင်စတိုင်ဘက်ကို ပိုသွားထားပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ Yellowstone အပြီး ၆ လလောက်အကြာမှာ ဇာတ်လမ်းစထားပါတယ်။ Kayce Dutton (Luke Grimes) ဟာခြံကြီးကိုစွန့်ခွာပြီး ဘဝသစ်စဖို့ ကြိုးစားနေတဲ့အချိန်ပေါ့။ စိတ်မကောင်းစရာတစ်ခုကတော့ သူ့မိန်းမ Monica ဟာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီဖြစ်လို့ Kayce တစ်ယောက် သားလေးTate ကို တစ်ကိုယ်တော် ဖခင်အနေနဲ့ စောင့်ရှောက်ရင်း ကျန်ရစ်ခဲ့တဲ့ ဝမ်းနည်းမှုတွေ၊ Navy SEAL တုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာ (PTSD) တွေကို ရုန်းကန်နေရပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ Navy SEAL အဖွဲ့ခေါင်းဆောင်ဟောင်း Pete Calvin က သူ့ကို Montana ပြည်နယ်က အထူး U.S. Marshals အဖွဲ့ထဲ ဝင်ဖို့ လာခေါ်ပါတယ်။ Kayce ကလည်း သူ့ရဲ့ ကောင်းဘွိုင်စွမ်းရည်ရယ်၊ စစ်သားဟောင်းတစ်ယောက်ရဲ့ အတွေ့အကြုံရယ်ကို ပေါင်းစပ်ပြီး လူ-တ်သမားတွေ၊ ဒုစရိုက်သမားတွေကို နှိမ်နင်းဖို့ U.S. Marshal တစ်ယောက် ဖြစ်လာပါတော့တယ်။ သူ့နယ်ကိုကာကွယ်ရင်း ကိုယ့်သားလေးအတွက်ပါ အချိန်ပေးနိုင်အောင် ဘယ်လိုကြိုးစားမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရမှာပါ။ အရင် Yellowstone လို အပိုင်းဆက် ဇာတ်အိမ်ကြီးတစ်ခုတည်း မဟုတ်ဘဲ၊ မှုခင်းစုံထောက်ပုံစံမျိုး ရိုက်ကူးထားပါတယ်။ရှေ့ကားတွေမှာ Kayce ရဲ့ စစ်တပ်နောက်ခံကို သိပ်မပြခဲ့ပေမယ့် ဒီကားမှာတော့ သူ့ရဲ့ Navy SEAL အတွေ့အကြုံတွေ၊ တံခါးကန်ဖွင့်ပြီး ဝင်ဖမ်းတဲ့ အက်ရှင်ခန်းတွေကို အကြမ်းစား မြင်ရမှာပါ။ Luke Grimes, Brecken Merrill (Tate), Gil Birmingham (Thomas Rainwater), Mo Brings Plenty တို့လို လူဟောင်းတွေ ပြန်ပါသလို၊ Logan Marshall-Green, Arielle Kebbel နဲ့ Ash Santos တို့လို ဇာတ်ကောင်သစ်တွေလည်း အများကြီး ထပ်တိုးထားပါတယ်။ အရင် Taylor Sheridan ရဲ့ ကားတွေလောက် ဇာတ်အိမ် မလေးလံဘဲ ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်ခပ်ကြမ်းကြမ်း ကြည့်ချင်တဲ့သူတွေ သဘောကျမယ့် ကားမျိုးပါ။ Kayce ဆိုတဲ့ ဇာတ်ကောင်ကို ပိုပြီး နားလည်လာရမယ့် ဇာတ်လမ်းတွဲဖြစ်လို့ Yellowstone ပရိသတ်တွေ လက်မလွတ်သင့်တဲ့ ကားလေးဖြစ်ပါတယ်။ Size – (2.70GB)/ 845MB / 456MB Quality –WEB-DL 4K HEVC/ 1080p HEVC / 720p Episodes -  13 Eps Duration -  42m Subtitle – Myanmar Hardsub Format – mkv /mp4 Genre :  Action , Crime , Drama , Western

အပိုင်းများ

16 အပိုင်း၊ season 2 season
ပြထားသည် 12 မှ 13 အပိုင်း

ဇာတ်လမ်းအကြောင်း