Sugar and Lies
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Romance Mini Series လေးတစ်ခုပါ။ Romance ဆိုပေမဲ့ ငယ်ချစ်ဦးနဲ့ပြန်ဆုံတဲ့ဇာတ်အိမ်မို့ ငယ်ချစ်ကို မေ့မရသူတွေ ကြည့်ကိုကြည်သင့်တဲ့ဇာတ်လမ်းလေးပါနော်။ ဒီကားလေးမှာ မင်းသားချောလေး Ke Chun နဲ့ Mini Series Star လေးဖြစ်တဲ့အပြင် Glory (Yu Min Cha Gu) မှာပါ ဇာတ်ရံအဖြစ်ပါဝင်ခဲ့တဲ့ Yu Yin တို့က အတွဲညီညီသရုပ်ဆောင်ထားပေးတာပါ။ ဇာတ်လမ်းအညွှန်း >>> စေ့စပ်ပွဲကျင်းပခါနီးမှာ တင်းတျန့်ဟာ ချစ်ဦးသူ ချန်အားမင်နဲ့ ပြန်ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ချန်အားမင်က နာမည်ကို ယွီခွမ်းလို့ပြောင်းလဲထားရုံတင်မကဘဲ မတူညီတဲ့အနေအထားနဲ့နောက်ခံကိုပါ ပိုင်ဆိုင်ထားတာပါ။ ဒါပေမဲ့ နောက်ပိုင်းသိလိုက်ရတာက ချန်အားမင်ဟာ စိတ်ရောဂါတစ်ခုကို ခံစားနေရတာပါ။ စမ်းသပ်မှုတစ်ခုကျရှုံးခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ချန်အားမင်ရဲ့ "ကိုယ်ရည်ကိုယ်သွေး ကွဲပြားခြင်း" ရောဂါကိုကုသပေးနိုင်ဖို့ တင်းတျန့်နဲ့သူငယ်ချင်းတွေဟာ "Sugar-coated" ဆိုတဲ့လျှို့ဝှက်အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ကြပါတယ်။ ထိုအစီအစဉ်ကိုအရင်းပြုပြီး ချန်အားမင်ရဲ့အတိတ်က နာကျင်မှုတွေကိုရဲဝံ့စွာရင်ဆိုင်လာနိုင်ဖို့နဲ့ ကွဲအက်ထိရှထားတဲ့ခံစားချက်တွေ၊ မှတ်ဉာဏ်တွေအောက်မှ လွတ်မြောက်လာစေဖို့ လမ်းညွှန်ကြိုးစားကြပါတော့တယ်။ ဒီစီးရီးလေးမှာ မင်းသားကို နှစ်ကိုယ့်တစ်စိတ်မဟုတ်တဲ့ တစ်ကိုယ့်နှစ်စိတ်အဖြစ်မြင်တွေ့ရမှာမို့ ပုံမှန်အချစ်ဇာတ်လမ်းတွေနဲ့တော့ အနည်းငယ်ကွဲပြားနေမှာမို့ ပရိတ်သတ်တို့အတွက် ကြည့်ပျော်စရာစီးရီးလေးအဖြစ် ညွှန်းလိုက်ရပါတယ်။ Quality : WEB-DL 1080p Total Episodes : 24 Format : mp4 Genres : Drama, Romance Runtime : 15 min
အပိုင်းများ
24 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း