ဇာတ်ကားများ ရွေးရန်

Echoes of Love

2026ဇာတ်လမ်းတွဲ

ဒီတစ်ခါမှာတော့ သာ့ကျားတို့အတွက် Fantasy Mini Series လေးတစ်ခု ယူဆောင်လာပေးပါတယ်။ Fantasy Mini Series ဆိုပေမဲ့ နတ်ကားဇာတ်အိမ်မဟုတ်ဘဲ System ဇာတ်အိမ်မျိုးပါ။ ဒီစီးရီးလေးမှာ Mini Series Star လေးတွေဖြစ်တဲ့ မင်းသား Qin Tian Yu နဲ့ မမလှလှလေး Hu Yi Yao တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ထူးဆန်းလှတဲ့ပြုတ်ကျမှုတစ်ခုဖြစ်ပွားပြီးနောက် ခေတ်သစ်ကမ္ဘာမှ မိန်းမလှလေး စုန့်ကျီယွမ်ဟာ စုန့်မင်းဆက်ခေတ်က နာမည်ကျော် ကချေသည်မလေး လျိုရူယန်အဖြစ် ပြန်လည်နိုးထလာခဲ့ပါတယ်။ ဒါပေမဲ့ ဟွမ်ယွဲ့ဆောင်ကြာမြိုင်က ကချေသည်လေးတွေ တစ်ယောက်ပြီးတစ်ယောက်စတင်ပျောက်ဆုံးလာတာမို့ ရူယန်တစ်ယောက် တိတ်တဆိတ်စုံစမ်းစစ်ဆေးရင်း ပါးနပ်ဖျတ်လတ်တဲ့ မှူးမတ်မျိုးနွယ်စုဝင်သခင်ငယ်လေးတစ်ဦးနဲ့ ကံကြမ္မာအရ ဆုံတွေ့ခဲ့ရပါတယ်။ သတိပြန်လည်လာလာချင်း အခြားကမ္ဘာတစ်ခုကိုရောက်နေတဲ့အပြင် ထူးဆန်းတဲ့အမှုပါဖြစ်နေတာမို့ ရူယန်ဟာ မယုံနိုင်စွာနဲ့ ကမ္ဘာကူးလာတာကိုလက်ခံရင်း ဆုံတွေ့ခဲ့တဲ့သခင်ငယ်လေးနဲ့ အင်အားချင်းပူးပေါင်းကာ အန္တရာယ်များလွန်းတဲ့လုပ်ကြံမှုအစီအစဉ်ကြီးတစ်ခုကိုဖော်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်။ ဒါပေမဲ့ လောကဓံကပေးလာတဲ့ဂယက်အဖုံဖုံ၊ လှည့်ကွက်အစုံစုံကြား သခင်လေးကို ချစ်မိသွားချိန်မှာတော့ ကမ္ဘာကူးပြောင်းလာတဲ့မိန်းမလှလေးတစ်ယောက် နှလုံးသားရေးရာကိုရော ဖြေရှင်းနိုင်မှာလား? အချိန်တန်ရင် အရင်ကမ္ဘာကို ပြန်သွားရမှာလား? သခင်လေးကရော ရူယန်ကို ဘာလို့ကူညီနေတာလဲ? ဒီလိုမျိုး plot twist တွေနဲ့အတူ ချိုလွှလွှချစ်တေးတစ်ပုဒ်ကိုပါ နားဆင်ကြည့်ရှုခံစားချင်ရင်တော့ ဒီစီးရီးက must watch ပါပဲနော်။

အပိုင်းများ

23 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 23 အပိုင်း

ဇာတ်လမ်းအကြောင်း