ဇာတ်ကားများ ရွေးရန်

Young Sherlock

2026ဇာတ်လမ်းတွဲအမှတ် 9.8/10

Young Sherlock (2026) Season 01 (စ/ဆုံး) နာမည်ကြီး စုံထောက်ကြီး ရှားလော့ခ်ဟုမ်းစ်ရဲ့ ငယ်ဘဝကို အက်ရှင်အပြည့်နဲ့ ရိုက်ကူးထားတဲ့ Amazon Prime ရဲ့ "Young Sherlock" (၂၀၂၆) စီးရီးလေးတင်ပေးထားပါတယ်။ ဒါရိုက်တာကတော့ အရင် RDJ ရဲ့ Sherlock Holmes ရုပ်ရှင်တွေကို ရိုက်ခဲ့တဲ့ အက်ရှင်ဒါရိုက်တာကြီး Guy Ritchie ပါပဲ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက ၁၈၇၀ ပြည့်လွန်နှစ်တွေက အောက်စ်ဖို့ဒ် (Oxford) တက္ကသိုလ်မှာ စတာပါ။ အသက် ၁၉ နှစ်အရွယ် ရှယ်လော့ဟုမ်းစ်က တည်ငြိမ်ပြီး အေးစက်စက် စုံထောက်ကြီး မဟုတ်သေးဘူး။ စိတ်လိုက်မာန်ပါလုပ်တတ်တယ်၊ စည်းကမ်းမရှိဘူး၊ နည်းနည်းလည်း ဆိုးသွမ်းချင်တဲ့ ကောင်လေးပေါ့။ တစ်ရက်ကျတော့ အောက်စ်ဖို့ဒ်မှာ လူသတ်မှုတစ်ခု ဖြစ်သွားပြီး ရှားလော့က အဓိက သံသယတရားခံ ဖြစ်သွားရော။ အဲဒီမှာ သူ့ကိုယ်သူ အပြစ်ကင်းကြောင်း သက်သေပြဖို့အတွက် သူ့ရဲ့ ပထမဆုံးအမှုအနေနဲ့ စတင်စုံစမ်းပါတော့တယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ နောင်တစ်ချိန်မှာ သူ့ရဲ့ အကြီးမားဆုံး ရန်သူဖြစ်လာမယ့် ဂျိမ်းစ် မိုရီယာတီ (James Moriarty) နဲ့ ဒီအမှုမှာ သူငယ်ချင်းတွေအနေနဲ့ အတူတူ ပူးပေါင်းပြီး အမှုကို ဖော်ထုတ်ကြတာပါပဲ။ ရိုးရိုးလူသတ်မှုကနေ စလိုက်တဲ့ အမှုက တဖြည်းဖြည်းနဲ့ ကမ္ဘာချီတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးတစ်ခုဆီကို ဦးတည်သွားပါတော့တယ်။ ဒီစီးရီးက အရင် Sherlock ကားတွေလို အမှုလိုက်ရုံချည်း သီးသန့်မဟုတ်ဘဲ Guy Ritchie စတိုင်အတိုင်း အက်ရှင်တွေ၊ အမိုက်စား တိုက်ခိုက်ခန်းတွေနဲ့ ခပ်မိုက်မိုက် ရိုက်ကူးထားတာပါ။ နောက်ပြီး မိုရီယာတီနဲ့ ရှယ်လော့တို့ ရန်သူတွေ မဖြစ်ခင် လူငယ်ဘဝမှာ သူငယ်ချင်းတွေအဖြစ် ဘယ်လိုပူးပေါင်းခဲ့ကြလဲဆိုတာကို ကြည့်ရမှာဆိုတော့ တော်တော်လေးကို အသစ်အဆန်း ဖြစ်နေမှာ သေချာပါတယ်။ စုံထောက်ကား ကြိုက်တဲ့သူတွေ၊ အက်ရှင်ကား ကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် စီးရီးလေးပါ။ File size… (800 MB) / (400 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Spy, Action, Adventure, Mystery Duration…. 50min Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း