Bad Love
Bad Love (2007) // Cruel Love (2007) အပိုင်း (၁ မှ ၂၀) စ/ဆုံး ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ကိုရီးယားကားတွေရဲ့ အငွေ့အသက်နဲ့အတူ .. ရင်ထဲထိမယ့် Melodrama စစ်စစ်ကို ကြိုက်တတ်သူတွေအတွက် Bad Love ဆိုတဲ့ ဇာတ်လမ်းကောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားထဲမှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားကြီး Kwon Sang Woo, မင်းသမီးချော Lee Yo Won နဲ့ မင်းသား Kim Sung Soo တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Na In Jung (Lee Yo Won) ဟာ အောင်မြင်ကျော်ကြားတဲ့ Cello တီးခတ်သူ မိန်းမချောလေးဖြစ်ပြီး သူမရဲ့အချစ်ဦး Lee Soo Hwan(Kim Sung Soo) က အိမ်ထောင်သည်ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ .. အာဏာရှိတဲ့ သူ့ဇနီးဘက်က ဖိအားတွေကြောင့် In Jung ဟာ အချစ်တင်မကဘဲ မိခင်၊ အိမ်နဲ့ သူမရဲ့ အိပ်မက်ဖြစ်တဲ့ ဂီတလောကပါ ဆုံးရှုံးပြီး ဘဝပျက်ခဲ့ရပါတယ်။ တဖက်မှာလည်း ပန်းချီဆရာ Kang Yong Gi (Kwon Sang Woo)က အချစ်ဦးနဲ့ သေကွဲကွဲခဲ့ရလို့ နှလုံးသားတံခါးကို ပိတ်ထားသူပါ။ အချစ်ဦးကြောင့် ကိုယ်စီဒဏ်ရာရခဲ့တဲ့ သူတို့နှစ်ယောက် ဆုံတွေ့တဲ့အခါ အပြန်အလှန် နားလည်ဖေးမပေးရင်း ချစ်မိသွားကြပေမဲ့ .. In Jungရဲ့ အချစ်ဦးဖြစ်တဲ့ Soo Hwan က ပြန်ရောက်လာတဲ့အခါမှာတော့ သူတို့ကြားမှာ ရှုပ်ထွေးတဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်း ဖြစ်လာပါတော့တယ်။ သူမဘဝကို ဖျက်ဆီးခဲ့တဲ့ 'အချစ်ဦး' နဲ့ သူမရဲ့ ဒဏ်ရာတွေကို ကုစားပေးမယ့် 'အချစ်သစ်' ကြားကနေ အချစ်စစ်ကို ဘယ်လိုရှာဖွေမလဲ .. နှလုံးသားချင်း ထပ်တူကျဖို့ထက် နာကျင်မှုကို အတူတူခံစားပေးမယ့်သူကို ရွေးချယ်မှာလားဆိုတာကို ဆွေးဆွေးမြည့်မြည့် ost ဇာတ်ဝင်တေးလေးတွေနဲ့အတူ ရင်နင့်အောင် ရိုက်ကူးထားတဲ့ ဒရာမာလေးပဲ ဖြစ်ပါတယ်။ Episodes: 20 Aired: Dec 3, 2007 - Feb 12, 2008 Aired On: Monday, Tuesday Original Network: KBS Genres: Action, Romance, Drama, Melodrama
အပိုင်းများ
20 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း