ဇာတ်ကားများ ရွေးရန်

Too Young To Love

2026ဇာတ်လမ်းတွဲ

C drama fan တို့အတွက် အခုတစ်ခေါက်မှာတော့ ကျောင်းသားအချစ်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပုံမှန်အချစ်ဇာတ်လမ်းတွေထက်စာရင် ကျောင်းသားအချစ်ဇာတ်အိမ်က ပိုရင်ခုန်စရာကောင်းပြီး လှပတာမို့ ပရိတ်သတ်တို့ အကြိုက်တွေ့မှာ အမှန်ပါပဲနော်။ ဒီကားမှာ Zhang Xin Yi၊ Xie Bin Bin၊ Gong Wan Yi၊ Yuan Ye တို့က အဓိကပါဝင်ထားကြသလို Cui Yi Xin၊ Simon Chen တို့လို လူငယ်သရုပ်ဆောင်များစွာကလဲ ဒီကားမှာ ပါဝင်အားဖြည့်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> မိခင်ဖြစ်သူကိုအတုယူကာ ယီလန်ဟာ ငယ်စဉ်ကတည်းက Cello တီးခတ်မှုကိုသင်ယူခဲ့ပြီး ထူးချွန်ထက်မြက်တဲ့ပါရမီကို ပိုင်ဆိုင်ထားသူပါ။ အထက်တန်းကျောင်းရဲ့ပထမဆုံးအပတ်တွင် ငယ်သူငယ်ချင်းဖြစ်သူ ထုန်ရှောင်လျဲ့ရဲ့အားပေးမှုကြောင့် ကိုယ်ပိုင်ဂီတသုံးယောက်တွဲအဖွဲ့တစ်ခုကိုဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျောင်းရဲ့တီးဝိုင်းကြီးကိုအနိုင်ယူပြီး နှစ်ပတ်လည်ကျောင်းကပွဲမှာ ပါဝင်ဆင်နွှဲနိုင်ဖို့အတွက် ယီလန်ဟာ မမောပန်းတတ်တဲ့နေမင်းငယ်လေးတစ်စင်းလို ထက်သန်လှတဲ့စိတ်ဓာတ်တွေနဲ့ ကြိုးစားခဲ့သည်။ သူ့ထက်သန်မှုတွေဟာ ထုန်ရှောင်လျဲ့ကိုပါကူးစက်သွားခဲ့ပြီး စွန့်လွှတ်ခဲ့ရတဲ့ဂီတအိပ်မက်တွေကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပါတော့တယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားကြရင်း နှစ်ဦးသားရဲ့နှလုံးသားမှာ တဖြည်းဖြည်းနီးစပ်လာခဲ့ပါတယ်။ ဒီစီးရီးဟာ အချစ်၊ သံယောဇဉ်၊ မိသားစုမေတ္တာနဲ့ အိပ်မက်အားလုံးရောယှက်ကာ အလှပဆုံးဂီတသံစဉ်တစ်ခုကို ဖန်တီးပုံဖော်ပြရင်း နုနယ်လှတဲ့အချစ်ရဲ့ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ လက်မလျှော့မှုတို့ကိုပါ ခံစားရစေမဲ့စီးရီးလေးမို့ ကြည့်ရင် အရှုံးမရှိမှာ အမှန်ပါပဲနော်။ Total Episodes : 24 Quality : WEB-DL 1080p, 720p Format : mkv/mp4 Genres : Romance, Drama Runtime : 30 mins Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း