Scarpetta
Scarpetta (2026) S01 +++++++++++++ အပိုင်းသစ် ( ၁ မှ ၈ ) အထိ စ / ဆုံး IMDb Rating (6.0) / Rotten Tomatoes (79%) Prime Video ကနေ ၂၀၂၆ မတ်လ ၁၁ ရက်နေ့ကမှ အသစ်စက်စက် ထွက်ရှိထားတဲ့ Scarpetta (2026) ဇာတ်လမ်းတွဲ အသစ်လေးတင်ပေးထားပါတယ်။ ဒီကားက Forensic Crime Thriller နဲ့ Mystery အမျိုးအစားပါ။ မှုခင်းဆေးပညာသုံးပြီး အလောင်းတွေကို စစ်ဆေးတာတွေ၊ မှုခင်းစုံစမ်းထောက်လှမ်းတာတွေနဲ့ ကွင်းဆက်လူ-တ်ကောင်တွေကို လိုက်ဖမ်းတဲ့ ဇာတ်လမ်းမျိုး ကြိုက်တတ်ရင်တော့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းမယ့် ကားပါပဲ။ နာမည်ကြီး စာရေးဆရာမ Patricia Cornwell ရဲ့ အရောင်းရဆုံး ဝတ္ထုတွဲတွေကို အသက်သွင်းရိုက်ကူးထားတာဖြစ်လို့ ဇာတ်အိမ်က တော်တော်လေး ခိုင်မာပါတယ်။ အော်စကာဆုရှင် မင်းသမီးကြီးတွေဖြစ်တဲ့ နီကိုးလ် ကစ်ဒ်မန်း နဲ့ ဂျေမီ လီး ကာတစ် တို့ အဓိကပါဝင်ထားပါတယ်။ နောက်ပြီး The Mentalist ထဲက မင်းသား ဆိုင်မွန် ဘေကာ၊ ဘော်ဘီ ကန်နာဗေး နဲ့ အာရီယာနာ ဒီဘို့စ် တို့လို နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်အားဖြည့်ထားပါတယ်။ ဒါရိုက်တာတွေအနေနဲ့ကတော့ ဒေးဗစ် ဂေါ်ဒွန် ဂရင်း နဲ့ ချာလော့တ် ဘရန်းစထရွမ် တို့က ရိုက်ကူးပေးထားပြီး၊ နာမည်ကြီး စီးရီးတွေဖြစ်တဲ့ Lost တို့၊ Barry တို့ကို ဖန်တီးခဲ့တဲ့ လစ်ဇ် ဆာနော့ဖ် က Showrunner အဖြစ် တာဝန်ယူဖန်တီးထားပါတယ်။ ဇာတ်လမ်းက ထက်မြက်တဲ့ မှုခင်းဆေးပညာရှင် ဒေါက်တာ ကေး စကာပက်တာ ကို အဓိကထား ရိုက်ကူးထားတာပါ။ သူက ဗာဂျီးနီးယားက သူ့ရဲ့ ဇာတိမြို့ကို ပြန်လာပြီး အရင်က သူလုပ်ခဲ့တဲ့ မှုခင်းဆေးပညာရှင်ရာထူးကို ပြန်ယူရင်းနဲ့ ကြောက်စရာကောင်းတဲ့ လူ-တ်မှုတစ်ခုကို စစ်ဆေးရပါတယ်။ အဲဒီမှာ စိတ်ဝင်စားစရာကောင်းတာက အခုပေါ်လာတဲ့ ကွင်းဆက်လူ-တ်ကောင်ရဲ့ လက်ရာတွေက လွန်ခဲ့တဲ့ ၂၈ နှစ် (၁၉၉၈ ခုနှစ်) တုန်းက ဒေါက်တာ စကားပက်တာ ကိုယ်တိုင် ကိုင်တွယ်ခဲ့ပြီး သူ့ကို နာမည်ကြီးစေခဲ့တဲ့ ပထမဆုံးအမှုက လူ-တ်ကောင်ရဲ့ လက်ရာတွေနဲ့ တစ်ထပ်တည်းဖြစ်နေတာပါပဲ။ အဲဒီတော့ အခု-တ်နေတာက အရင်လူ-တ်ကောင်ကို အတုခိုးပြီး သတ်နေတာလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ ၂၈ နှစ်တုန်းက သူတို့တွေ လူမှားဖမ်းမိခဲ့တာလား ဆိုတာကို ခေတ်မီ မှုခင်းဆေးပညာတွေသုံးပြီး အဖြေရှာရမယ့် ဇာတ်လမ်းပါ။ ဇာတ်လမ်းက ပစ္စုပ္ပန်နဲ့ အတိတ် ၁၉၉၈ ကို အချိတ်အဆက်မိမိ ကူးလူးပြီး ပြသသွားမှာပါ။ နီကိုးလ် ကစ်ဒ်မန်း နဲ့ ဂျေမီ လီး ကာတစ် တို့ ညီအစ်မနှစ်ယောက် ဇာတ်လမ်းထဲမှာ အပြန်အလှန် အားပြိုင်ကြ၊ ဖဲ့ကြတဲ့ အခန်းတွေက တကယ်ကို ကြည့်ကောင်းပါတယ်။ ၉၀ ပြည့်လွန်နှစ်တွေက စုံစမ်းထောက်လှမ်းရတဲ့ ပုံစံတွေနဲ့ လက်ရှိခေတ်ရဲ့ အဆင့်မြင့် မှုခင်းနည်းပညာတွေကို နှိုင်းယှဉ်ကြည့်ရမှာမို့ ရိုးအီမသွားပါဘူး။ သာမန် မှုခင်းလိုက်တဲ့ ကားမျိုးလောက်တင် မဟုတ်ဘဲ၊ လူ-တ်ကောင်တွေရဲ့ စိတ်နေစိတ်ထားနဲ့ အမှုလိုက်ရတဲ့ သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ မိသားစု ပြဿနာတွေကိုပါ သေချာလေး ပုံဖော်ထားပါတယ်။ ကြည့်လိုက်ကြပါဦး Size – 851MB / 474MB Quality –WEB-DL1080p HEVC / 720p Episodes - 8 Eps Duration - 50m Subtitle – Myanmar Hardsub Format – mkv /mp4 Genre : Crime , Drama , Mystery , Thriller
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း