Always Meet Again
Always Meet Again (2026) အပိုင်း (၁ မှ ၈) စ/ဆုံး လူတိုင်း ဘဝမှာ တစ်ကြိမ်စီတော့ တွေးဖူးကြမှာပါ။ “အတိတ်ကိုသာ ပြန်သွားခွင့်ရရင် ငါတို့ ဘယ်လိုဖြစ်နေမှာလဲ “ လို့လေ .. Always meet again လို့ အမည်ရတဲ့ ဒီဇာတ်လမ်းတွဲလေးမှာတော့ နာမည်ကြီး ပန်းချီဆရာ ဂျန်ဟယ်ဆောင်း ( Woo Jihan ) ဟာ တကယ်ပဲ အတိတ်ကို ပြန်ရောက်သွားခဲ့ပါတယ်။ ဟယ်ဆောင်းဟာ သူတက်ခဲ့တဲ့ ဆောင်းဂျင်းအထက်တန်းကျောင်းကို ဟောပြောပွဲတစ်ခု အတွက် သွားရောက်ရင်း အမှတ်မထင်ဘဲ သူ့ ပုံကြမ်းစာအုပ်အဟောင်းလေးထဲက အချစ်ဦးပုံကို ပြန်တွေ့လိုက်ရပါတယ်။ တစ်ပိုင်းတစ်စ ပြဲနေတဲ့ အချစ်ဦးပုံကို အဲဒီနေရာမှာတင် အသစ်ပြန်ဆွဲရင်း .. အချိန်ကာလက 2008 ခုနှစ် အထက်တန်းကျောင်းတက်နေတဲ့ ကာလကို ပြန်ရောက်သွားပြီး သူ့အချစ်ဦး အူဂျင်းနဲ့ ပြန်ဆုံစည်းရတဲ့အခါ .. ကံကြမ္မာက ဒုတိယအကြိမ် ပေးလာတဲ့ အခွင့်အရေးကို ဟယ်ဆောင်း တစ်ယောက် ဘယ်လိုအသုံးချမလဲ .. မှားဖူးပြီးသား အမှားတွေကို နောက်တစ်ကြိမ် မမှားချင်တော့တဲ့ ဟယ်ဆောင်းက အချစ်ဦး အူဂျင်းနဲ့ ခပ်ခွါခွါနေခဲ့ပေမဲ့ အူဂျင်းက ဆက်တိုက်ဆိုသလို သူ့ဆီ ချဉ်းကပ်လာတဲ့အခါ ဟယ်ဆောင်း ဘာဆက်လုပ်မလဲ ။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းအဆုံးသတ်က ပြောင်းလဲသွားမှာလားဆိုတာကိုတော့ .. တင်ဆက်ပုံလေးရော ဇာတ်အိမ်လေးရော ကောင်းတဲ့ always meet again ဆိုတဲ့ ကိုရီးယား BL အချစ်ဇာတ်လမ်းတွဲလေးမှာ ကြာသပတေးနေ့တိုင်း ကြည့်ရှုခံစားလိုက်ရအောင်နော် ။ ဒီဇာတ်လမ်းထဲမှာတော့ ပန်းချီဆရာ ဂျန်ဟယ်ဆောင်းအဖြစ် Woo Jihan နဲ့ သူ့အချစ်ဦး အီအူဂျင်းအဖြစ် Shin Jeong yoo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ။ Episodes: 08 Aired: Mar 5, 2026 - Mar 26, 2026 Aired On: Thursday Original Network: iQIYI Genres: Romance, Youth, Fantasy
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း