Love Through a Prism
Love Through a Prism (2026) IMDB - 8.2/10, MyAnimeList - 8.5/10 နာမည်ကြီး Boys Over Flowers ဒါမှမဟုတ် F4 ဆိုပြီး လူသိများတဲ့ဇာတ်လမ်းကို ရေးဆွဲခဲ့တဲ့ ဆရာမ Yoko Kamio ရဲ့ နောက်ထပ်လှပတဲ့ဇာတ်လမ်းတစ်ပုဒ်ကို AOT တို့ Spy X Family တို့ရဲ့ ပဲ့ကိုင်ရှင် WIT Studio ကနေ ၁၉၀၀ ပြည့်နှစ် အင်္ဂလန်နောက်ခံရှုခင်းတွေ ဂျပန်နဲ့ နိုင်ငံခြားသားဇာတ်ကောင်တွေကို လှပတဲ့ Visual တွေ Animation တွေနဲ့ ဖန်တီးပေးထားပြီး Netflix ကနေ ၂၀၂၆ မှာ ထုတ်လွှင့်ပေးထားတဲ့ Anime စီးရီးကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၉၀၀ ကျော်ကာလကို အခြေခံထားပါတယ်။ Lili ဆိုတဲ့ ဂျပန်မလေးဟာ ကီမိုနိုဆိုင်ရှင်ရဲ့တစ်ဦးတည်းသောသမီးဖြစ်ပေမဲ့လည်း ပန်းချီပညာကို စိတ်ပါဝင်စားလွန်းတာကြောင့် အလုပ်ကို အမွေဆက်ခံစေချင်တဲ့အမေဖြစ်သူနဲ့ အတိုက်အခံတွေလုပ် ၆ လအတွင်း ကျောင်းမှာ အဆင့် ၁ ဖြစ်ရမယ်တို့ မဟုတ်ရင် ရွာပြန်အိမ်ထောင်ပြုရမယ် ဘာညာစသဖြင့် ကတိကဝတ်တွေနဲ့ရော အစိုးရအထောက်အပံ့နဲ့အတူ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က အနုပညာကျောင်းကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီမှာတင် ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ Lili တစ်ယောက် သူ့ကတိအတိုင်း ကျောင်းမှာ အသေအလဲ ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ အဲဒီမှာ ထူးဆန်းပြီး အရည်အချင်းရော ပါရမီပါရှိတဲ့ Kit ဆိုတဲ့ အင်္ဂလန်သားကောင်လေးနဲ့ ဆုံခဲ့ရပါတော့တယ်။ ဒီ Kit ဆိုတဲ့ကောင်လေးက ဖြစ်သလိုနေနေပေမဲ့လည်း ပါရမီရှိတာကြောင့် ကျောင်းမှာ အမြဲတမ်း အဆင့် ၁ ဖြစ်နေတဲ့သူပေါ့။ ဒါကြောင့် Lili အနေနဲ့ Kit ကို လိုက်လံယှဉ်ပြိုင်ရာကနေ သူတို့နှစ်ဦးကြား ထူးခြားတဲ့ ခံစားချက်တွေ မွေးဖွားပြီး ဇာတ်လမ်းဖြစ်လာပါတော့တယ်။ Kit ကို ငယ်စဉ်ကတည်းက လက်ထပ်ရမယ်ဆိုပြီး ကြံစည်ထားတဲ့ လူကုံထံအသိုင်းအဝန်းက Cathrine တို့ Lili လိုမျိုး ဂျပန်ကနေ အစိုးရအထောက်အပံ့နဲ့ ထပ်မံရောက်ရှိလာတဲ့ ပန်းပုဆရာလေး Shin တို့လည်း အချစ်ဇာတ်လမ်းတွေထဲ ပါဝင်ထားတဲ့အပြင် သူငယ်ချင်းတွေဖြစ်တဲ့ Dorothy တို့ Joffery တို့ Peter တို့ကလည်း ပံ့ပိုးပါဝင်ထားတာမို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို သမိုင်းကြောင်းတွေရော အနုပညာဟန်ပန်တွေနဲ့ရော ဇာတ်ကောင်တွေရဲ့ခံစားချက်နဲ့အတူ အိပ်မက်နဲ့ချစ်ခြင်းမေတ္တာတွေကြား ရုန်းကန်ရပုံတွေကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။
အပိုင်းများ
20 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း